Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၇၁) ပန်းပဲပညာကိုလေ့ကျင့်ခြင်းဂူယွဲ့အကြောင်း ကြားသည့်အခါမှာ ရှဲရှဲက သက်ပြင်းမချဘဲ မနေနိုင်ပေ။ဒီတစ်ပတ်လုံးသူက ဂူယွဲ့နှင့် တစ်ကြိမ်သို့မဟုတ် နှစ်ကြိမ်ထက်ပုိပြီး ယှဉ်ပြိုင်ခဲ့သည်။ဒါကို သူဝန်မခံချင်ပေမဲ့ လက်ရှိသူ့ရဲ့ခွန်အားနဲ့ ဂူယွဲ့ကို အနိုင်မယူနိုင်ေသးဘူးဆိုတာ လက်ခံရမယ်။ဂူယွဲ့၏ဒြပ်စင်ခြောက်မျိုးကို ထိန်းချုပ်ခြင်းသည် ပြောင်းလဲမှုနှင့် ပေါင်းစပ်မှုများ အလွန်များသလို ၎င်းတို့အပေါ် ကန့်သတ်ချက်က မရှိသလောက်ပင်ရှားသည်။ဒါ့အပြင် သူမ၏ သဘာဝစွမ်းအင်ထိန်းချုပ်ခြင်း ဝိညဉ်ပညာရပ်ကြောင့် ဝိညဉ်ခွန်အားကုန်ဆုံးမှုနှုန်းပင် ဂူယွဲ့ကို သူမယှဉ်နိုင်သေးပါဘူး။
ထန်ဝူလင်းက သူတို့ကို ပြောလိုက်သည်။(ဟေး၊ အချိန်က အတော်နောက်ကျနေပြီ။ ငါတို့အားလုံး တရားထိုင်သင့်ေနပြီ။ ငါမနက်ဖြန် ဆရာနဲ့တွေ့ဖို့ရှိတယ်။ ဒီတော့ ငါအတန်းမတတ်တော့ဘူး။)
အလယ်လတ်အကယ်ဒမီတွင် တစ်ပတ်မှာတစ်ရက် အနားယူခွင့်ရှိသည်။ထိုရက်တွင် ကျောင်းသားများအား သူတို့ကြိုက်နှစ်သက်ရာကို လုပ်ခွင့်ပြုပေးထားသည်။ထန်ဝူလင်းသည် ကောင်းကင်နဂါးသံမဏိကို အချိန်မှီပြီးမြောက်အောင် မလုပ်ပေးနိုင်မှာကို စိုးရိမ်နေခဲ့သည်။သို့သော်လည်း မန်ထင်က တိုက်တိုက်ဆိုင်ဆိုင် အလုပ်ရုံမှာ ရောက်နေခဲ့သည်။ဒီတော့ သူလည်းပဲ သူ၏အလုပ်ကို ပြီးမြောက်အောင် ပြုလုပ်နိုင်ရမည်။
နောက်နေ့မနက်တွင် ထန်ဝူလင်းသည် မနက်စာကို အလျှင်အမြန်စားပြီးနောက် မန်ထင်၏ အလုပ်ရုံသို့ ထွက်လာခဲ့သည်။
ဒင်! ဒင်! ဒင်! ဒင်! ထန်ဝူလင်းသည် အလုပ်ရုံထဲသို့ မဝင်ရောက်ရသေးသော်လည်း ကျယ်လောင်သော သတ္တုထုရိုက်သံများကို ကြားနေရသည်။(ဆရာ!) ထန်ဝူလင်းသည် သူ၏သော့နှင့် အလုပ်ရုံတံခါးကို ဖွင့်လိုက်ပြီး အခန်းထဲသို့ ဝင်လာခဲ့သည်။သူက အလုပ်များနေတဲ့ မန်ထင်ကို တွေ့လိုက်ရသည်။
မန်ထင်က သူ့ကိုကြည့်လိုက်ပြီး (အင်း၊ မင်းပုံစံက အတော်လေး တတ်ကြွနေတယ်။ ကြည့်ရတာ ကျင့်ကြံခြင်းကို အသေအချာ ကြိုးစားလေ့ကျင့်နေတာပဲ။)
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)