နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၆၆)

63 9 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၆၆) သဘာဝစွမ်းအင်လား?

(သူမက ပါရမီရှင်တစ်ယောက်၊ ငါသူမကို မှန်ကန်စွာ သင်ကြားပေးနိုင်တယ်။ ဒါရိုက်တာလုံက ငါ့ကိုထောက်ပံ့ပေးမယ်လို့ ငါထင်တယ်။ အနာဂတ်မှာ ဘာတွေပဲဖြစ်ဖြစ် သူမကိုငါ့အတန်းမှာပဲရှိနေဖို့ သေချာအောင် ပြုလုပ်ပေးပါ။)

လုံဟန်းရှုက သူ့ကိုယ်သူ မထိန်းချုပ်နိုင်‌ေတာ့ဘဲ မေးလိုက်သည်။(သဘာဝစွမ်းအင်လား? ဒါကဘယ်လို သိုင်းဝိညဉ်မျိုးလဲ? ဆရာဝူ ဒီသိုင်းဝိညဉ်နဲ့ ပတ်သက်ပြီး အနည်းအကျဉ်းတော့ သိတယ်မလား?)

ဝူဇန်ခုံးက ပြန်ပြောလိုက်သည်။(ငါက မြင်ဖူးရုံတင်ပါ။ ဒါက ဆိုးရွားတဲ့သိုင်းဝိညဉ်အမျိုးအစား မဟုတ်ဘူး။ အတန်းမြှင့်တင်ရေး ပြိုင်ပွဲမှာ မင်းတွေ့ရလိမ့်မယ်။)

ဝူဇန်ခုံးဆီမှ အတန်းမြှင့်တင်ရေး ပြိုင်ပွဲအကြောင်းကို ကြားလိုက်ရတော့ လုံဟန်းရှုက သူ့ကိုပြန်ပြောလိုက်သည်။(ရှဲရှဲကို မင်းရဲ့အတန်းမှာ ထည့်ပေးလိုက်တာက ဒီပြိုင်ပွဲမှာ မင်းရဲ့အတန်းက တစ်ခုခုလုပ်နိုင်မယ်လို့ ငါမျှော်မှန်းထားလို့ပဲ။ အဆိုးရွားဆုံးအတန်းကသာ ပိုပြီးတိုးတတ်လာရင် သူ့‌အပေါ်ကအတန်းတွေကို ပိုပြီးကြိုးစားချင်စိတ် ဖြစ်ပေါ်လာလိမ့်မယ်။ ဆရာဝူ၊ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်မဲ့ ကိုယ်စားပြုကျောင်းသားတွေကို ရွေးချယ်ပြီးသွားပြီလား?)

(ဟုတ်တယ်၊ ငါစဉ်းစားပြီးသွားပြီ။)

ဝူဇန်ခုံး သူ၏အတန်းကို ပြန်ရောက်လာသည့်အခါမှာ သူတို့ရဲ့အပြေးလေ့ကျင့်ခန်းက ပြီးဆုံးသွားခဲ့သည်။

(ဒီနားမှာလာစု!)

အတန်း(၅)က ကျောင်းသားတွေအားလုံး ကစားကွင်းအလယ်မှာစုပြီး ရပ်နေကြသည်။

(ငါတို့ရဲ့ မနက်ခင်းလေ့ကျင့်ခန်းက ဒီမှာအဆုံးသတ်ပြီ။ အားလုံးပြန်လို့ရပြီ။ ဂူယွဲ့ မင်းက‌တော့ နေခဲ့ဦး။)

နောက်ဆုံးတော့ ပြီးသွားပြီ! ဘယ်လောင်တောင် မင်္ဂလာရှိလိုက်လဲ!

ချက်ချင်းဆိုသလို ကျောင်းသားတွေက သူတို့ရဲ့အဆောင်ကို အမြန်ပြန်သွားကြသည်။အခုချိန်မှာ သူတို့က အနားယူဖို့ လိုအပ်နေသည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now