Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၇၂) အတန်းမြှင့်တင်ရေးပြိုင်ပွဲစတင်ခြင်းငွေဖြူရောင်သတ္တုတူရဲ့ ထပ်ဆင့်တူ အထူးစွမ်းရည်ဖြင့်ဆိုလျှင် အကြိမ်တစ်ထောင်သန့်စင်ရသည့် လုပ်ငန်းစဉ်မှာ အခက်အခဲတွေက အရင်ကလောက် မများတော့ပေ။
နေ့ရက်တွေက တဖြည်းဖြည်းကုန်ဆုံးလာခဲ့သည်။သူက တစ်ပတ်တွင် ခြောက်ရက်လံုးကို ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးေနခဲ့သည်။ကျန်တဲ့တစ်ရက်မှာတော့ သူက ပန်းပဲထုလေ့ရှိသည်။
အခုချိန်မှာ ထန်ဝူလင်း၊ ရှဲရှဲနှင့် ဂူယွဲ့တို့က ဝူဇန်ခုံး၏ ရုံးခန်းထဲတွင် အတူတူေရာက်ရှိေနကြသည်။ပထမဆုံးအတန်းမြှင့်တင်ရေးပြိုင်ပွဲက နောက်တစ်ပတ်တွင် စတင်တော့မည်ကို သူတို့အား အသိေပးခြင်းဖြစ်သည်။ထန်ဝူလင်းက ထိုသတင်းကို မသိခင်မှာဘဲ အချိန်မှာ နှစ်လတောင် ကုန်ဆုံးသွားခဲ့ပြီ။
ဒီနှစ်လအတွင်း ကျောင်းသားအားလုံးက အနည်းငယ်စီ ပြောင်းလဲလာခဲ့ကြသည်။အကြီးမားဆုံး အပြောင်းအလဲမှာ ဝူဇန်ခုံး၏ အထူးလေ့ကျင့်ပေးမှုအောက်တွင် တစ်ယောက်နှင့်တစ်ယောက် နားလည်မှုပိုရှိလာပြီး သူတို့သုံးယောက်ကြားရှိ ဆက်ဆံရေးသည် ယခင်ကထက် ပိုပြီးသဟဇာတ ဖြစ်လာခဲ့သည်။
ဂူယွဲ့က သံသယဖြစ်စရာမလို သူတို့သုံးယောက်ကြားတွင် အစွမ်းထက်ဆုံးဖြစ်သည်။ရှဲရှဲက အပြင်းအထန်ကြိုးစား လေ့ကျင့်ခဲ့ပေမဲ့လည်း သူတို့ကြားက ကွာဟချက်ကို နည်းနည်းလေးတောင် မဖြေလျော့နိုင်ခဲ့ပေ။
သို့သော်လည်း ရှဲရှဲ၏ ဝိညဉ်ခွန်အားသည် ဒီနှစ်လအတွင်း အံ့အားသင့်စွာ အဆင့်(၁၉)သို့ ရောက်ရှိသွားခဲ့သည်။နောက်ထပ်တစ်ဆင့်သာ ထပ်မြင့်သွားလျှင် သူ၏နှစ်တစ်ရာနတ်ဝိညဉ်မှ နောက်ထပ်ဝိညဉ်ကွင်းတစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မည်။ထိုအချိန်ကျရင် သူက အကြီးအကဲဝိညဉ်သခင်တစ်ယောက် ဖြစ်လာလိမ့်မည်။
ဂူယွဲ့၏ ဝိညဉ်ခွန်အားက အဆင့်နှစ်ဆင့်မြင့်တတ်သွားပြီး အဆင့်(၁၇)ကို ရောက်ရှိသွားခဲ့သည်။သူ၏ သိုင်းဝိညဉ်က ငွေပြာရောင်မြက်ဖြစ်သော်လည်း သူက ငွေပြာရောင်မြက်ကို ကောင်းမွန်စွာထိန်းချုပ်နိုင်ရန် အမြဲလေ့ကျင့်နေခဲ့သည်။ဒါ့အပြင် ဝူဇန်ခုံးသင်ပေးခဲ့သည့် အဆင့်မြင့်တရားထိုင်နည်းကို အသုံးပြုပြီး လေ့ကျင့်ခဲ့တာကြောင့် သူ၏ဝိညဉ်ခွန်အားက အဆင့်(၁၂)သို့ ရောက်ရှိသွားခဲ့သည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)