Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၃၁) အထွတ်အထိပ်အထူးစွမ်းရည်ပထမဆုံးအနေနဲ့ ငွေဖြူရောင် သတ္တုတူတစ်စုံ၏ သွင်ပြင်မှာ မျက်စိကျလောက်စရာမကောင်းပေ။၎င်းတို့ကိုယ်ပေါ်က မီးခိုးရောင်ကြောင့် သာမန်ရိုးရိုးတူတစ်စုံနဲ့ သွားတူနေသည်။အနီးကပ်သေချာကြည့်လိုက်လျှင် သတ္တုတူ၏တစ်ကိုယ်လုံးပေါ်တွင် အနက်ရောင်ရေလှိုင်းလေးများကဲ့သို့ အတွန့်တွန့်လေးများက ဖုံးလွှမ်းထားသည်။သတ္တုတူ၏ လက်ကိုင်ပေါ်က အနက်ရောင်ရေလှိုင်းတွန့်လေးများသည် အဆုံးမရှိသော ခွန်အားကို ထောက်ပံ့ပေးနေသည်လို့ ထင်မှတ်စေသည်။
ဝက်အူရစ်လို အရစ်လေးတွေက သတ္တုတူ၏ လက်ကိုင်တစ်လျှောက်လုံး ရစ်ပတ်ထားပြီး လက်ကိုင်၏အောက်ခြေရှိ ချွန်ထက်နေသော အမှတ်တစ်ခု၌ အဆုံးသတ်သွားသည်။
ထန်ဝူလင်းက ထိုသတ္တုတူကို အသေးစိတ်ပုံကျအောင် ဂရုတစိုက်နဲ့ သုံးရက်လုံးလုံး ပုံသွင်းခဲ့သည်။ပန်းပဲထုနေစဉ်အတွင်းမှာ သူက အလုပ်ကိုတစ်ဝက်သာ ပြီးမြောက်အောင် လုပ်ရသေးပေမဲ့ ရလဒ်မှာ နှစ်ဆထွက်ပေါ်လာတာကို သူ၏သွေးသားထဲမှ အာရုံခံစားနိုင်သည်။ထိုကဲ့သို့ရလဒ်မျိုးနဲ့ သူကြိုးစားပြီး ပုံသွင်းခဲ့တာတောင် သုံးရက်လုံးလုံး ကြာမြင့်ခဲ့သည်။
(နောက်ဆုံးတော့ ပြီးသွားပြီပဲ။ အကြိမ်တစ်ထောင် သန့်စင်ထားတဲ့ ငွေဖြူရောင် သတ္တုတူရဲ့ အထူးစွမ်းရည်က ဘာဖြစ်မလဲဆိုတာ ငါအရမ်းသိချင်နေပြီ။) မန်ထင်က ထန်ဝူလင်းကို ပြောလိုက်သည်။ပန်းပဲဆရာသခင် တစ်ယောက်ဖြစ်သည့် မန်ထင်၏မျက်လုံးထဲတွင်ပင် မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။(ဟုတ်) ထန်ဝူလင်းက သူ၏ခေါင်းကို ညိမ့်လိုက်ပြီး သူ၏လက်နှစ်ဖက်တွင် ငွေဖြူရောင် သတ္တုတူတစ်စုံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
ထန်ဝူလင်းက သတ္တုတူတစ်စုံ၏ အေလးချိန်ကို သူပုံသွင်းပြီးတာနဲ့ တစ်ခါတည်း စမ်းသပ်ပြီးသားဖြစ်သည်။သူ၏ဘယ်ဘက်လက်က သတ္တုတူ၏ အလေးချိန်မှာ တစ်ရာငါးဆယ့်နှစ် ကီလိုဂရမ်လေးလံပြီးတော့ ညာဘက်လက်က သတ္တုတူမှာ တစ်ရာခြောက်ဆယ့်ခြောက် ကီလိုဂရမ်လေးလံသည်။သတ္တုတူတစ်စံု၏ အရွယ်အစားမှာ သေးငယ်သော်လည်း ၎င်း၏အလေးချိန်ကို စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြရလျှင် (အလွန်အံ့အားသင့်ဖွယ်ကောင်းခြင်း) လို့သာ ဖော်ပြနိုင်သည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)