နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၄၂)

69 6 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၄၂) ကြယ်ရှစ်ပွင့်သူတော်စင်အဆင့်လက်မှုပညာရှင်

ဒီကလေးက အသက်ကိုးနှစ်ပဲ ရှိသေးတယ်မဟုတ်ဘူးလား? ဒါတောင် အကြိမ်တစ်ထောင်သန့်စင်ထားသော အနက်ရောင်သတ္တုတူကိုအသုံးပြုပြီး ပန်းပဲထုနိုင်တာလား? အချို့အဆင့်(၂)ပန်းပဲပညာရှင်တွေတောင် (၄၀)ကီလိုဂရမ်လေးလံသည့် သတ္တုတူတစ်လက်ကိုတောင် အသုံးမပြုနိုင်ကြပါဘူး။အကြိမ်တစ်‌ေထာင်သန့်စင်ထား‌ေသာ အနက်ရောင်သတ္တုတူတစ်စုံသည် တစ်လက်ကို (၄၀)ကီလိုဂရမ်လေးလံသည်။

ပန်းပဲထုရာတွင် ရုပ်ခွန်အား၊ သက်လုံနှင့် နည်းစနစ်ကျွမ်းကျင်မှုများ လိုအပ်သည်။ရုပ်ခွန်အားသည် သတ္တုတူ၏သက်ရောက်မှုအားကို တိုးမြှင့်ပေးနိုင်သော အခြေခံအုတ်မြစ်ဖြစ်သည်။သို့သော်လည်း တစ်‌စုံတစ်ယောက်၏ ခွန်အားသည် လျှင်မြန်စွာ ကုန်ဆုံးသွားလိမ့်မယ်။

ထန်ဝူလင်းသည် သူ၏အသိစ‌ိတ်ကို‌ေငွဖြူ‌ေရာင်သတ္တုတံုးအ‌ေပါ်မှာပဲ အာရုံစူးစိုက်ထားပြီး နောက်တစ်ကြိမ်ထုရိုက်ဖို့ အသင့်ပြင်နေသည်။

ငွေဖြူရောင်သတ္တုတုံးမှ ထွက်ပေါ်လာသော တုံ့ပြန်သံကြောင့် ၎င်းသည် သူအရင်ကထုရိုက်ခဲ့သော ငွေဖြူရောင်သတ္တုတုံးနှင့်အတူတူဖြစ်ကြောင်း သူနားလည်လိုက်သည်။၎င်း၏ အတွင်းပိုင်း သတ္တုကြောတွေတောင် အတူတူဖြစ်သည်။ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်နှင့်အတူ သူ၏ သတ္တုတူနှစ်လက်ကို လွှဲယမ်းလိုက်ပြီး ထုရိုက်လိုက်ရာ ကျယ်လောင်သောအသံများ မိုးရွာသွန်းလိုက်သလိုမျိုး အဆက်မပြတ် ထွက်ပေါ်လာသည်။

ဘန်း! ဘန်း! ဘန်း!

ဘန်း! ဘန်း! ဘန်း! ဘန်း!

ဘန်း! ဘန်း! ဘန်း!

တူထုရိုက်သံတွေက ကျယ်လောင်ပြီး စည်းချက်ကျသည်။၎င်းအသံတွေက တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားပြီး အလွန်ထူးခြား‌ေသာသာယာမှုကို ခံစားရစေသည်။

အရှေ့ပင်လယ်မြို့ကို ရောက်လာပြီးကတည်းက သူတွေ့ကြုံခဲ့ရသော အရာအားလုံးမှာ ထူးဆန်းနေပြီး ရင်းနှီးမှုမရှိပေ။၎င်းက သူ၏စိတ်ကို တင်းကျပ်လာစေခဲ့သည်။ဒါ့အပြင် သူကအသက်ကိုးနှစ်သာရှိသေးသည်။သူအကယ်ဒမီကို ရောက်ခဲ့တုန်းကလည်း အနိုင်ကျင့်မှုများကို တွေ့ကြုံ‌ခဲ့ရသည်။နောက်ဆုံးမှာ အပြစ်ပေးခြင်းဖြင့် ထိုပြဿနာမှာ အဆုံးသတ်သွားခဲ့သည်။ဖြစ်ခဲ့သမျှအရာအားလံုးက သူ့ကိုအသက်ရှုတောင် ကျပ်စေခဲ့သည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now