Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၆၁) ငါနဲ့ယှဉ်ပြိုင်ပါထန်ဝူလင်းသည် အကန်ခံရလိုက်တာကြောင့် ဝိုင်းထားတဲ့ကြားထဲ ပြန်ပြုတ်ကျသွားသည်။ထို့ေနာက် သူ၏ဝိညဉ်ခွန်အားတွေက အလျှင်အမြန် ကုန်ဆုံးနေတာကို သူသိလိုက်ရသည်။သိပ်မကြာခင်မှာပဲ သူ၏ဝိညဉ်ခွန်အား အားလုံးက ကုန်ဆုံးသွားခဲ့သည်။
ဖောက်! ဖောက်! ဖောက်!
နှစ်ကြီးပိုင်းကျောင်းသားတွေက သူတို့ကိုချုပ်နှောင်ထားသော ထန်ဝူလင်း၏ ငွေပြာရောင်မြက်ပင်ေတွကို တစ်ယောက်ပြီးတစ်ယောက် ချိုးဖြတ်နိုင်ခဲ့သည်။
ထန်ဝူလင်းက သူတို့အားလုံးကို တစ်ပြိုက်နက် ချည်နှောင်ထားခဲ့သော်လည်း သူတို့၏မြင့်မားသော ဝိညဉ်ခွန်အား အဆင့်ကြောင့် အလွယ်တကူပဲ လွတ်မြောက်သွားခဲ့သည်။ထို့ကဲ့သို့ လွတ်မြောက်သွားပြီးနောက် သူ၏ဆင့်ကဲပြောင်းလဲနိုင်သော ငွေပြာရောင်မြက်သိုင်းဝိညဉ်၏ ဘေးထွက်ဆိုးကျိုးကြောင့် သူ၏ဝိညဉ်ခွန်အားများမှာ အလျှင်အမြန် ကုန်ဆုံးသွားခဲ့သည်။
(ခွေးကောင်! မင်းကများ ငါ့ကို ထိုးရဲတယ်ပေါ့!) နှစ်ကြီးပိုင်းကျောင်းသားတစ်ယောက်က အော်ဟစ်လိုက်ပြီး ထန်ဝူလင်း၏ မျက်နှာတည့်တည့်သို့ သူ၏လက်သီးကို ပစ်လွှတ်လိုက်သည်။
(ရပ်လိုက်!) မူရှီက အလျှင်အမြန် အော်လိုက်သည်။
ထိုကျောင်းသားက သူ၏လက်ကို မရပ်တန့်ချင်ဘဲနဲ့ ရပ်လိုက်ရသည်။သို့ပေမဲ့ သူက ထန်ဝူလင်းကို ဒေါသတကြီးနဲ့ တွန်းထုတ်လိုက်ရာ မြေပြင်ပေါ် ပြန်လဲကျသွားသည်။
ထန်ဝူလင်းသည် စောစောက အလင်းရောင် ထုတ်လွှတ်လိုက်သူမှာ မူရှီဖြစ်ကြောင်း နောက်ဆုံးတော့ သူနားလည်သွားသည်။အံ့အောသင့်စရာကောင်းသည်မှာ သူမ၏ခြေဖဝါးအောက်မှ နှစ်တစ်ရာ အဝါရောင်ဝိညဉ်ကွင်းနှစ်ခု ထွက်ပေါ်ေနသည်။သူမ၏ ခေါင်းပေါ်တွင် ရွှေရောင်အလင်းလုံးတစ်လုံးရှိပြီး နေလံုးကဲ့သို့ ရောင်ခြည်တန်းများ ဖြာထွက်နေသည်။သူမ၏ ဘယ်ဘက်ပခုံးပေါ်တွင် စွမ်းရည်များပြည့်ဝနေပြီး လုံးဝန်းသော မီးတောက်ငယ်ေလးတစ်ခုရှိသည်။ထိုမီးတောက်ငယ်လေးက သူမ၏နတ်ဝိညဉ်ဖြစ်ပုံရသည်။အလင်းရောင်သည် အချိန်အနည်းငယ်လေးအတွင်းသာ ထွက်ပေါ်လာခဲ့သော်လည်း ၎င်းကပတ်ဝန်းကျင်တစ်ခုလုံးသို့ အလျှင်အမြန် ပျံ့နှံ့သွားပြီး အခန်းအပူချိန်မှာ အနည်းငယ် မြင့်တတ်သွားခဲ့သည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantasyI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)