နဂါးဘုရင်ရဲ့ဒဏ္ဍာရီ အခန်း (၂)

375 26 1
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၂) သိုင်းဝိညဉ်နိုးထခြင်း

တန်ဝူလင်းသည် နိုးထခြင်းခန်းမရဲ့အလယ်တည့်တည့်တွင် ကြောက်ကြောက်ရွံရွံနဲ့ ရပ်လိုက်သည်။သူ့ရဲ့မျက်လုံးတွေကအခန်းတစ်ခုလုံးကို ဟိုကြည့်ဒီကြည့် ကြည့်နေသည်။နောက်ဆုံးတော့ သူသည်အသက်ခြောက်နှစ်အရွယ်သာ ရှိသေးသည့် ကလေးငယ်တစ်ယောက်သာ ဖြစ်သည်။မိဘမပါဘဲ တစ်ယောက်တည်း ထူးဆန်းပြီး စိတ်လှုပ်ရှားမူများနဲ့ ပြည့်နှက်နေသည့် ပတ်ဝန်းကျင်အသစ်တစ်ခုမှာ သူ့ရဲ့စိတ်ကိုဘယ်လိုလုပ်ပြီး တည်တည်ငြိမ်ငြိမ်ထားနိုင်ပါ့မလဲ?

အဲ့ဒီ့အချိန်မှာပဲ စိတ်ဝိညဉ်ဆရာသခင်ရဲ့ လက်ပေါ်ကနေ ညင်သာသောအဖြူရောင် အလင်းတစ်ခု တောက်ပလာပြီး သူ့ရဲ့စိတ်ကို ဆွဲဆောင်ထားခဲ့သည်။

ထိုအဖြူရောင်အလင်းက ပုံပြင်ထဲမှာသူ ကြားဖူးနေကြဖြစ်သည့် စိတ်ဝိညဉ်ဆရာသခင်တွေသာ ပိုင်ဆိုင်သည့် ဒဏ္ဍာရီလာ ဝိညဉ်ခွန်အား ဆိုတာများလား?

သူ့ရဲ့ အလွန်အံ့အားသင့်နေတဲ့ အကြည့်အောက်မှာပဲ စိတ်ဝိညဉ်ဆရာသခင်က
သူ့ရဲ့ ညာဘက်လက်ကို ညင်သာစွာ မြှောက်တင်လိုက်သည်။အဖြူရောင်အလင်းသည် ပျံသန်းသွားကာ ကောင်းကင်ဆီကို မရောက်ခင်မှာဘဲ တုန်ခါသွားပြီး မီးရှူးမီးပန်းများအဖြစ် ထွက်ပေါ်လာသည်။၎င်းသည် နိုးထခြင်းခန်းမကို ခန့်ညားထည်ဝါမူနဲ့အတူတောက်ပသော အရောင်များဖြင့် တန်ဆာဆင်ထားသည်။

မျက်နှာကျက်ကနေစပြီး ထွင်းထုထားသော ကျောက်စာ မျဉ်းကြောင်းများသည် အဖြူရောင်များတောက်ပလာပြီး နံရံများအထိ ရွေ့လျားသွားသည်။၎င်းသည် ကိုယ်ပိုင်အသက်ရှိနေသလိုမျိုး သန်မာပြီး
သက်ဝင်လှုပ်ရှားနေသော စွမ်းရည်မျိုး
ကိုပိုင်ဆိုင်ထားသည်။‌အဖြူ‌ေရာင်တောက်ပနေသည့်မျဉ်းကြောင်းများသည် တန်ဝူလင်းရဲ့‌ေြခဖဝါးများအောက်တွင် ထွက်ပေါ်လာသည်အထိ အလင်းရောင်များဖြင့် တောက်ပနေဆဲဖြစ်သည်။

သက်တောင့်သက်သာဖြစ်ပြီး ထုံထိုင်းစေသောစွမ်းရည်တစ်မျိုးသည် တန်ဝူလင်းရဲ့ ခန္ဓာကိုယ်မှတဆင့် နှလုံးသားထဲအထိမဝင်ရောက်ခင် ခြေထောက်မှတဖြည်းဖြည်း တိုးဝင်လာသည်။တန်ဝူလင်းရဲ့ခန္ဓာကိုယ်ကိုက ဝင်ရောက်လာ
သည့် ရုန်းကန်လှုပ်ရှား‌ေနတဲ့ စွမ်းရည်ကို တောင့်ခံနိုင်ဖို့ အကူအညီမပေးနိုင်တာကြောင့် တစ်ဆတ်ဆတ် တုန်ရီနေသည်။သူရဲ့ ခန္ဓာကိုယ်က ဓါတ်လိုက်နေသလိုမျိုး ခံစားနေရသည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now