နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၆၂)

65 9 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၆၂) ဂူယွဲ့

ရှဲရှဲက အနည်းငယ် နေရခက်သွားပြီး ပြန်ပြောလိုက်သည်။(မင်းက ဘာလို့ဒီလောက်တောင် စကားများနေရတာလဲ? မင်းငါ့ကို ကျေးဇူးတင်စရာ မလိုဘူး။ ငါက လူတစ်ယောက်ကို အရေအတွက်နဲ့ အနိုင်ကျင့်တာပဲဖြစ်ဖြစ် ကြီးတဲ့သူက ငယ်တဲ့သူကို အနိုင်ကျင့်တာပဲဖြစ်ဖြစ် လုံးဝသဘောမကျဘူး။)

ထန်ဝူလင်းက ပြုံးလိုက်ပြီး ပြောလိုက်သည်။(ငါတို့က အခုကစပြီး သူငယ်ချင်းတွေ ဖြစ်သွားကြပြီ။)

ရှဲရှဲ၏ပါးစပ်က တွန့်ကေွးသွားပြီး အလျှင်အမြန် ပြန်‌ေပြာလိုက်သည်။(မင်းဒီလောက်မြန်မြန် သူငယ်ချင်းမဖွဲ့သင့်ဘူး။ ငါမင်းကို သူငယ်ချင်းလို့ အသိမှတ်မပြုရသေးဘူး။)

ထန်ဝူလင်းက ပြန်ပြောလိုက်သည်။(ဒါတွေက အရေးမကြီးပါဘူး။)

ရှဲရှဲသည် သိပ်မကြာခင်မှာပဲ ဝူဇန်ခုံးအား သူပြောခဲ့သော စကားများကို နောင်တရလာသည်။ဝူဇန်ခုံးသည် သူ၏ကတိစကားအတိုင်း လုပ်တတ်သော ဆရာတစ်ယောက်ဖြစ်သည်။သူမနေ့ကပြောခဲ့သလိုပဲ ကြမ်းတမ်းသော ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများကို စတင်လေ့ကျင်ပေးခဲ့သည်။

အခြေခံအကျဆုံး ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းမှာ ပြေးခြင်းဖြစ်သည်။

အရှေ့ပင်လယ်အကယ်ဒမီ၏ အလယ်လတ်ဌာနတွင် မီတာရှစ်ရာရှည်လျားသော ပြေးလမ်းကြောင်းတစ်ခုပါရှိသည့် ကစားကွင်းကြီးတစ်ခုရှိသည်။ဝူဇန်ခုံးက မနက်ခင်း သွေးပူလေ့ကျင့်ခန်းလုပ်သည့်အနေနဲ့ ကျောင်းသားတွေကို ကစားကွင်းရဲ့ ပြေးလမ်းကြောင်းပေါ်တွင် ဆယ်‌ေခါက်ပတ်ပြေးဖို့ အမိန့်ပေးခဲ့သည်။

သို့သော်လည်း ဝူဇန်ခုံးသည် တစ်ဆယ်ကီလိုဂရမ်လေးလံသည့် သံကြိုးဖြင့်ပြုလုပ်ထားသော သတ္တုအင်္ကျီနှစ်ထည်ကို ထန်ဝူလင်းနဲ့ ရှဲရှဲကို ဝတ်ခိုင်းလိုက်သည်။သူတို့နှစ်ယောက်က လုံးဝမငြင်းခဲ့ပေ။အမှန်တော့ သူတို့နှစ်ယောက်က ဝမ်းသာနေခဲ့သည်။

အကယ်၍မနေ့ကသာ သူ့ကိုဒီလိုလုပ်ခိုင်းမယ်ဆိုရင် ရှဲရှဲ၏စိတ်ဓာတ်အရ ငြင်းပယ်မှာအသေချာပါပဲ။ဒါပေမဲ့ ဒီနေ့မှာတော့ သူလုံးဝမငြင်းပယ်ခဲ့ပါဘူး။သူက မာနကြီးတဲ့သူဖြစ်‌ေပမဲ့ ဝူဇန်ခုံးအမိန့်ပေးသမျှကိုတော့ အစွမ်းကုန် ကြိုးစားအားထုတ်ဖို့ အဆင်သင့်ပါပဲ။အမှန်‌ေတာ့ ရှဲရှဲက ဝူဇန်ခုံးကို တကယ်လေးစားသွားခဲ့သည်။ရှဲရှဲက သူ၏မာနကြီးပြီး အေးစက်စက်ပုံစံကို ရှက်စရာလို့ မယူဆခဲ့ပါဘူး။အဲ့ဒီအစား ဂုဏ်ယူစရာလို့ ထင်မှတ်ထားခဲ့သည်။သို့ပေမဲ့ သူ၏ဆရာက သူထက် ပိုအေးစက်ပြီး၊ ပိုမာနကြီးသည့်အပြင် အရမ်းအစွမ်းထက်သည်။သူက မာနကြီးသော ရေခဲမင်းသားလေးဆိုသည့် ဂုဏ်ပုဒ်နဲ့ တကယ်ထိုက်တန်သည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now