နဂါးဘုရင်၏ဒဏ္ဍာရီ အခန်း (၇၈)

66 10 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၇၈) ရွှေရောင်‌အကြေးခွံများ တဖန်ထွက်ပေါ်လာခြင်း

ဂူယွဲ့၏မျက်နှာက တဖြည်းဖြည်းချင်း နီရဲလာတာကြောင့် ထန်ဝူလင်းက အလျှင်အမြန်ထလာသည်။သူက ငွေဖြူရောင် သတ္တုတူတစ်စုံဖြင့် ဂူအန်လုံကို တိုက်ခိုက်လိုက်သည်။

ဂူအန်လုံက မနှစ်မြို့ဖွယ် ပြုံးလိုက်ပြီး လက်သီးနှစ်လုံးဖြင့် ပစ်ထိုးလိုက်သည်။‌ေငွဖြူ‌ေရာင် သတ္တုတူတစ်စံုနှင့် လက်သီးနှစ်လုံးက ထိပ်တိုက်တွေ့သွားကြသည်။

ဘန်း! ဘန်း! ဘန်း! ထန်ဝူလင်းက ငွေဖြူရောင် သတ္တုတူတစ်စုံနှင့်အတူ ထပ်ပြီးလွင့်ထွက်သွားပြန်သည်။သူ၏ သတ္တုတူဖြင့် တွဲဖက်ပြီး တိုက်ခိုက်ခြင်းက ခွန်အားကို တိုးပွား‌လာစေခဲ့သော်လည်း ဂူအန်လုံက နတ်ဝိညဉ်ပညာရပ်နှစ်ခု (သံချပ်ကာကိုယ်ထည်နှင့် သံချပ်ကာနဂါးကိုယ်ထည်)ကို အသုံးပြုထား‌တာကြောင့် သူ့ကိုမယှဉ်ပြိုင်နိုင်ခဲ့ပေ။ထိုသို့ ဝိညဉ်ပညာရပ်နှစ်ခုကို ပေါင်းစပ်ထားတာကြောင့် သူ၏မာကျောမှုက မယံုကြည်နိုင်လောက်အောင် မြင့်မားနေသည်။

ထန်ဝူလင်းက အပြင်းအထန် လွင့်စင်သွားပြီး ညီးညူသံတစ်ခုက ထွက်ပေါ်လာသည်။သွေးတွေက သူ၏နှာခေါင်းနှင့် ပါးစပ်မှ စီးကျလာသည်။

ရှဲရှဲက လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် တံု့ပြန်လိုက်သည်။သူက မျက်စိတစ်မှတ်အတွင်း ထန်ဝူလင်း၏အနောက်မှ ထွက်ပေါ်လာပြီး သူ့ကို အောက်သို့ပြုတ်မကျအောင် လှမ်းဖမ်းလိုက်သည်။

သို့ပေမဲ့ သူက ထန်ဝူလင်း၏ ခန္ဓာကိုယ်ပေါ်မှ အားကိုလျော့တွက်ထားခဲ့မိသည်။သူက ထန်ဝူလင်း၏ ခန္ဓာကိုယ်ကို လှမ်းဖမ်းနိုင်ခဲ့ပေမဲ့ ပြင်းထန်တဲ့အရှိန်ကြောင့် သူတို့နှစ်ယောက်လုံး မြေပြင်ပေါ်လဲကျသွားသည်။

ဂူအန်လုံက သူ၏ပခုံးကို ခါထုတ်လိုက်သည်။သူက ထန်ဝူလင်းတို့ကို ဆက်ပြီးမတိုက်ခိုက်တော့ပါဘူး။အဲ့ဒီအစား လူအုပ်ကြီးဘက်သို့ လှည့်လိုက်ပြီး ပြောလိုက်သည်။(မင်းတို့တွေ့လား? ဒါက ငါ့ကိုဆန့်ကျင်ရင် ဖြစ်လာမဲ့ အကျိုးဆက်ပဲ။ သူတို့တွေက ဝိညဉ်သခင်တွေဖြစ်ပေမဲ့ ဒီကမင်းဖေဖေကိုတော့ မယှဉ်နိုင်‌ေသးဘူး။ ဘယ်သူ ငါ့ကိုဖီဆန်ရဲလဲ? မဟုတ်ရင် မင်းဖေဖေရဲ့ သံချပ်ကာနဂါးလက်သည်းနဲ့ တွေ့သွားပြီး အရိုးကျိုးသွားလိမ့်မယ်။)

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now