နဂါးဘုရင်ရဲ့ဒဏ္ဍာရီ အခန်း(၂၆)

78 8 0
                                    

Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း (၂၆) ငါးရာကီလိုဂရမ်အား

ပန်းပဲဆရာတစ်ယောက်၏ ခွန်အားကို ဘယ်ဘက်လက်နှင့် ညာဘက်လက်ဆိုပြီးခွဲခြားထားသည်။ထန်ဝူလင်း သူပထမဆုံးအချိန် စမ်းသပ်ခဲ့တုန်းက သူ၏ဘယ်ဘက်လက်နှင့် ညာဘက်လက်၏ခွန်အားမှာ တူညီလုနီးပါး ဖြစ်ခဲ့တာကြောင့် မန်ထင်ကိုအံ့အောသွားစေခဲ့သည်။သူ့ညာဘက်လက်၏ခွန်အားမှာ ဘယ်ဘက်လက်ထက် အနည်းငယ် သာလွန်နေခဲ့သည်။

ထန်ဝူလင်း သတ္တုတူကို သူ၏ဘယ်ဘက်လက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။သတ္တုလက်ကိုင်ပေါ်က အရစ်လေးတွေသည် သူ၏နူးညံ့သောလက်နှင့် မာကျောသော အသားမာထဲသို့ ထိုးဝင်လာခဲ့သည်။ဒါကြောင့် ထန်ဝူလင်း သူ၏သတ္တုတူကို အရင်ကထက် ပိုပြီးတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာနိုင်ခဲ့သည်။

သူက အသက်ကိုပြင်းပြင်းရှုလိုက်ပြီး ကိုယ်ကို တစောင်းအနေအထား ပြောင်းလိုက်သည်။ပြီးနောက် သူ၏တစ်ကိုယ်လုံးမှ အင်အားတွေကို သိပ်သည်းအောင်ပြုလုပ်လိုက်ပြီး သတ္တုတူကို မြှောက်တင်လိုက်သည်။ထိုအခါ သူ၏ကျောရိုးအဆုံးမှ  အပူလှိုင်းလုံးကြီးတစ်ခု စီးဆင်းလာခဲ့သည်။မျက်စိတစ်မှိတ်အတွင်းမှာပဲ အပူစီးကြောင်းသည် သူ၏ကျောရိုးတစ်လျှောက်လုံး ပျံ့နှံ့သွားခဲ့သည်။ထန်ဝူလင်းသည် သူ၏လက်ထဲတွင် ကိုင်ထားသော သတ္တုတူကို အားကုန်ထည့်ပြီး ထုချလိုက်သည်။သတ္တုတူသည် လေထုထဲသို့ ဖြတ်သန်းစီးဆင်းသွားခဲ့ပြီး နားကိုစူးရှုစေနိုင်သော အသံများ ထွက်ပေါ်လာပြီး သတ္တုပြား၏အောက်ခြေနှင့် ရိုက်ခတ်သွားသည်။

ဘန်း!

သတ္တုချောင်းအတွင်းရှိ ပြဒါးမှာ လျှင်မြန်သောနှုန်းဖြင့် မြင့်တတ်သွားခဲ့သလို ကြည်လင်သောအသံမှာ ထန်ဝူလင်းနှင့်မန်ထင်တို့၏နားစည်ကို ရိုက်ခတ်သွားခဲ့ပြီး တစ်ခဏလောက် နားအူသွားစေခဲ့သည်။

မန်ထင်မှာ သူ၏မျက်လုံးများကို ပွတ်သပ်လိုက်ပြီး သူမြင်တွေ့လိုက်ရတာ အမှန်ဟုတ်မဟုတ် အတည်ပြုရန် ဖန်သားပြင်ပေါ်သို့ နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။အဲ့ဒီအချိန်မှာပဲ ဖန်သားပြင်ပေါ်တွင် နံပါတ်တစ်ခု ထွက်ပေါ်နေခဲ့သည်။

Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)Where stories live. Discover now