Novel:Legend of the Dragon King
Author:Tang Jia San Shao
နဂါးဘုရင်ရဲ့ဒဏ္ဍာရီ
အခန်း(၁၉) နတ်ဝိညဉ်အဖြူရောင်နတ်ဝိညဉ် ဘောလုံးလေးအတွင်းမှ သေးငယ်သော အကောင်ငယ်လေးသည် တွားသွားပြီး ထွက်လာသည်။
၎င်းသည် အတော်လေးသေးသည်။ထိုအကောင်လေး၏ အလျားမှာ တစ်ဆယ်စင်တီမီတာသာရှိပြီး ကလေးငယ်တစ်ယောက်၏ လက်ချောင်းအရွယ်ကဲ့သို့ ပါးလွှာသည်။ထိုအကောင်းလေး၏ အရောင်မှာ မြေကြီးကဲ့သို့ အဝါရောင်ဖြစ်ပြီး အသေအချာ စူးစိုက်ကြည့်လျှင် ရွမ်းဗတ်ပုံစံအကြေးခွံကို တွေ့မြင်နိုင်သည်။
(ဒါက နတ်ဝိညဉ်လား?) ထန်ဇီရန်က သံသယဝင်သော အကြည့်ဖြင့် စိတ်ဝိညဉ်ဆရာသခင်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။
လူအများစုက ဒီအကောင်သေးသေးလေးဟာ ဘာလဲဆိုတာ သိပြီးသားဖြစ်မှာပါ။ဘာကြောင့်လဲဆိုတော့ အများမြင်တွေ့နေကျဖြစ်တဲ့ မြက်မြွေဖြစ်ပြီးတော့ အန္တရာယ်မပြုနိုင်သည့် တိရစ္ဆာန်အမျိုးအစားငယ်တွေထဲက တစ်ခုဖြစ်သည်။၎င်းသည် မြွေအမျိုးအစားဖြစ်သော်လည်း မြွေအမျိုးအစားထဲတွင် အားအနည်းဆုံးဖြစ်သည်။အပြည့်အဝကြီးထွားလာသော မြက်မြွေတစ်ကောင်၏ အရွယ်အစားသည် အလျားနှစ်ဆယ်စင်တီမီတာမှ သုံးဆယ်စင်တီမီတာအထိရှိပြီး လက်ချောင်းတစ်ချောင်းခန့်ထူသည်။၎င်းသည် သေးငယ်သော အင်းစက်အချို့ကိုသာ အစာအဖြစ် စားသုံးသည်။
၎င်းကို အရိုးရှင်းဆုံး စကားလုံးများဖြင့် ဖော်ပြရမယ်ဆိုရင် စကားလုံး လေးလုံးသာလိုသည်။(အန္တရာယ်မရှိေသာလူသားေမွးမြူေရးတိရစ္ဆာန်!)
ထန်ဝူလင်း သူ၏သိုင်းဝိညဉ်ကို နိုးထပြီးတာနဲ့ နတ်ဝိညဉ်ပိုင်ဆိုင်နိုင်တာကို သူသိစဉ်ကတည်းက သူ၏ပထမဆုံးနတ်ဝိညဉ်သည် မည်သို့မည်ပံုဖြစ်မည်ကို စိတ်ကူးယဉ်မှုများ မရေမတွက်နိုင်အောင် ရှိခဲ့သည်။သူသည် သူ၏သိုင်းဝိညဉ်နှင့် နတ်ဝိညဉ်ကိုပေါင်းစပ်ပြီးနောက် သူ၏သိုင်းဝိညဉ်သည် တိုးတတ်လာပြီး ပိုပြီးအင်အားကြီးမားလာလိမ့်မယ်လို့ စိတ်ကူးယဉ်ခဲ့သည်။သူ၏နတ်ဝိညဉ်က သူ့ကို အရမ်းကိုအစွမ်းထက်သော ဝိညဉ်ပညာရပ်အား ပေးအပ်လိမ့်မည်။ပြီးလျှင် သူသည် ခွန်အားကြီးမားသော ဝိညဉ်သခင်တစ်ယောက် ဖြစ်လာလိမ့်မည်။
စိတ်ကူးထဲမှာ အရာအားလုံးက အဆင်ပြေပေမဲ့ တကယ့်လက်တွေ့မှာတော့ ကံတရားက သူ့အပေါ် အရမ်းရက်စက်သည်။
YOU ARE READING
Legend of the Dragon King (နဂါးဘုရင်ရဲ့ဒဏ္ဍာရီ)
FantastikI am only a translator of Tang Jia San Shao's Novel (Legend of the Dragon King)