CH 4/5/6

1.4K 48 2
                                    

အခန်း ၄ ကျင့်ဝမ်အိမ်တော်

ထန်ရှီးရှီးတစ်ယောက် ခဏတာမျှ မင်သက်နေမိသည်။ သူက အမျိုးသားဇာတ်ဆောင်ဟု သူမ ထင်ခဲ့သော်လည်း နောက်ဆုံးတွင် သူက အမျိုးသားဇာတ်ဆောင်၏ဖခင်သာ ဖြစ်နေခဲ့သည်။ တစ်နည်းဆိုရသော် သူမက အမျိုးသားဇာတ်ဆောင်၏ ပုန်းအောင်းနေသည့်နေရာကို လူတိုင်းရှေ့တွင် ထုတ်ဖော်ပြသမိခဲ့သည်။ အမျိုးသားဇာတ်ဆောင်က သူ့ဖခင်ကို မြင်သောအခါ ကြောင်က ကျားကို မြင်သလို ကြောက်လန့်ပြီး သနားစရာ ကောင်းလောက်အောင် ထွက်ပြေးသွားရခြင်းကို လူတိုင်းသိသွားကြခြင်းမှာ သူမ ကြောင့်ပင်။

အိုး.... မိုးကောင်းကင်ရေ!

ထန်ရှီးရှီးက မယုံကြည်နိုင်လောက်အောင်ဖြစ်နေပြီး အတွေးထဲတွင် နစ်မြုပ်သွားရပြန်သည်။

အမျိုးသားဇာတ်ဆောင်ရဲ့အဖေက ဘာလို့ ငယ်ရွယ်ချောမောနေရတာလဲ?

အမျိုးသားဇာတ်ဆောင်ရဲ့အဖေက ဘာလို့ အမျိုးသားဇာတ်ဆောင်ထက် ပိုပြီး ကြောက်စရာကောင်းနေရတာလဲ? ပြီးတော့ "ထိတ်လန့်စရာကောင်းသောညတွင် ရှီဇီနှင့် နူးညံ့သိမ်မွေ့သော မိန်းမပျိုတို့ကြား ပထမဆုံးတွေ့ဆုံမှုကြောင့် ဖြည်းညှင်းစွာ ချစ်မိသွားသည်။" လို့ စာအုပ်ထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မဟုတ်ဘူးလား?

ထိုခေါင်းစဉ်ကို မြင်ရစဥ်တွင် ထန်ရှီးရှီး၏ ပထမဆုံး တွေးမိသည်က ရှီဇီက ထွက်ပြေးလာသူကို လိုက်ဖမ်းရန် သူ့လူများကို ခေါ်ဆောင်လာခြင်းဖြစ်ပြီး အမျိုးသမီးဇာတ်ဆောင်က အမျိုးသားဇာတ်ဆောင်ထံမှ တလေးတစား မြတ်နိုးမှုများ ရရှိနိုင်မည့် စွမ်းဆောင်မှုများ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အတွက်ကြောင့် သူမ လူသတ်သမားကို သတင်းပို့နိုင်သည့်အတွက် ထန်ရှီးရှီးက အလွန်ဝမ်းသာနေခဲ့ခြင်းပင်။

ရလဒ်အနေနဲ့ကတော့ ပုန်းနေတဲ့သူက ရှီဇီ ဖြစ်သွားတာလား?

ထိုအတွေးကြောင့် ထန်ရှီးရှီးက ငိုင်တွေနေမိသည်။ ခုနက သူမက ကျိုးရွှင်းဟွာရဲ့မိုက်မဲမှုကို တွေးပြီး ရယ်မောနေခဲ့တာလေ။ ကျိုးရွှင်းဟွာက အခန်းထဲမှာ အမည်မသိလုပ်ကြံသတ်ဖြတ်သူ ပုန်းအောင်းနေတာတောင် အကူအညီ ရှာဖွေဖို့ အလျင်စလို မလုပ်ဆောင်ဘဲ လုပ်ကြံသူကိုတောင် ကူညီပေးပြီး သူ့ကို ဖုံးကွယ်ထားပေးခဲ့တယ်။ သူက လုပ်ကြံသတ်ဖြတ်သူဖြစ်နေလို့သာ ထွက်ပြေးတိမ်းရှောင်လာတာလေ၊ အဲ့တော့ ကူညီပေးတဲ့သူက ဉာဏ်မမီတဲ့သူလို့ သူမ ထင်ခဲ့မိတာပါ။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now