Intro... CH 1/2/3

2.6K 94 0
                                    

"နန်းတော်မှာ ပြိုင်ဆိုင်ရတာထက် ဧကရီမယ်တော်ကြီးဖြစ်ရတာက ပိုကောင်းပါတယ်"

မိတ်ဆက်

ထန်ရှီးရှီးက နန်းတွင်း၏အလှဆုံးအမျိုးသမီးဖြစ်ပြီး မာနကြီးကာ မောက်မာသူဖြစ်သည့်အပြင် အထက်စီးမှ ဆက်ဆံပြောဆိုတက်ပြီး ကောက်ကျစ် ရန်လိုတက်သည်။ သူမ စာအုပ်တစ်အုပ်ကို မတော်တဆ ဖတ်လိုက်မိပြီးနောက်တွင် သူမက နန်းတွင်းပြိုင်ဆိုင်မှုများကို အသားပေးရေးထားသော ဝတ္ထုထဲမှ ရက်စက်ကြမ်းကြုတ်သည့် ဒုတိယအမျိုးသမီးဇာတ်ဆောင် (ဇာတ်ပို့)တစ်ဦးသာဖြစ်ကြောင်း သူမ သိလိုက်ရသည်။ နောက်ပိုင်းတွင် သူမက အမျိုးသမီးဇာတ်ဆောင်နှင့် ယှဥ်ပြိုင်ခဲ့ရပြီး ရှုံးနိမ့်သွားကာ နောက်ဆုံးတွင် သနားစရာကောင်းလောက်အောင် စိတ်ဆင်းရဲကြီးစွာဖြင့် သေဆုံးသွားခဲ့ရသည်။

ယခုအချိန်တွင် သူမတို့က ကျင့်ဝမ်၏ နယ်မြေထဲသို့ ဝင်ရောက်နေပြီဖြစ်ပြီး အမျိုးသားဇာတ်ဆောင်နှင့် အမျိုးသမီး ဇာတ်ဆောင်၏ ပထမဆုံးတွေ့ဆုံမှုကလည်း ဖြစ်မလာသေးပေ။ ထန်ရှီးရှီး၏ရှေ့တွင် လမ်းနှစ်သွယ်ရှိနေပြီး ပထမတစ်လမ်းမှာ အမျိုးသမီးဇာတ်ဆောင်၏ပေါင်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီး အမျိုးသမီးဇာတ်ဆောင်၏အဖွဲ့ထဲသို့ စောစောစီးစီး ဝင်ရောက်ရန်ဖြစ်ကာ ဒုတိယတစ်လမ်းမှာ အမျိုးသားဇာတ်ဆောင်ကို နှစ်သက်စေပြီး အမျိုးသမီးဇာတ်ဆောင်၏ မျက်နှာသာရမှုကို ခိုးယူရန် ဖြစ်သည်။

ထန်ရှီးရှီးကတော့ တတိယနည်းလမ်းကို ရွေးချယ်ခဲ့သည်။

အမျိုးသားဇာတ်ဆောင်၏မွေးစားဖခင် ကျင့်ဝမ်က နှိမ်ချစွာနေတက်ပုံရသော်လည်း အမှန်တကယ်တွင် သူက အလွန်ရည်မှန်းချက်ကြီးသူဖြစ်ကြောင်း ထန်ရှီးရှီး သိလိုက်ရသည်။ မဝေးတော့သော အနာဂတ်တွင် သူက မြို့တော်ကို ကျူးကျော်သိမ်းပိုက်ပြီး တော်ဝင်ရုံးတော်တွင် သူ့ကိုယ်သူ ဧကရာဇ်မင်းမြတ်အဖြစ် ကြွေးကြော်နိုင်မည် ဖြစ်သည်။ သို့သော်လည်း သူက အမျိုးသားဇာတ်ဆောင်ကို ထီးနန်းမလွှဲအပ်မီ ကွယ်လွန်သွားသည်မှာတော့ သနားစရာပင်။

ယခုနှစ်တွင် ကျင့်ဝမ်က အသက် ၂၄ နှစ်ရှိပြီဖြစ်ပြီး ငယ်ရွယ်နေသေးကာ အိမ်ထောင်မပြုရသေးပေ။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now