အခန်း 3
မီးသင်းသကြားပြောင်းဖူးပေါက်ပေါက်မနေ့က ရှဲ့ရွှင်းစာကြည့်ခန်းထဲမှာ အိပ်ခဲ့သည်ကို အိမ်တော်ထဲက လူတိုင်းသိကြသည်။ သူတို့ တတိယသခင်မကို အထင်အမြင်မသေးဘဲမနေနိုင်ကြပေ။သူမက ထိုသို့ပြောသည့်အခါ အဘြားက သူမေနာက္ကို လိုက်မလာတော့ဘဲ ဦးညွှတ်ပြီး မီးဖိုခန်းထဲက ထြက္သြားခဲ့သည်။
ကျန်းရှုယောင်က မနက်စာမစားသဖြင့် အမျိုးသမီးအစေခံလေးယောက်လည်း ဗိုက်ဆာနေကြ၏။ လူတိုင်း ဗိုက်ဆာအတော်ဆာနေကြပြီဖြစ်သည့်အတွက် သူမ ချက်ရန် ဟင်းအမယ်နှစ်မျိုး အမြန်ရွေးလိုက်သည်။
အင်္ကျီတွေကို လိပ်တင်ပြီး အလုပ်စတော့မည့် အချိန်မှာ မီးဖိုချောင်ထဲက လူငါးယောက်မှာ ဘယ္သူမွ မီးမမွှေးတတ်ဘူးဆိုသည်ကို သတိပြုမိလိုက်သည့်အတွက် အပြင်ထွက်ပြီး မီးဖိုချောင်ထဲက မိန်းကလေးတစ်ယောက်ကို ခေါ်ခိုင်းလိုက်၏။
ကေလးမေလးက အရပ်မရှည်ဘဲ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေးသာရှိပေမဲ့ အလုပ်လုပ် မြန်မြန်ဆန်ဆန်ရှိလေသည်။
မီးစမွှေးပြီးနောက် ကျန်းရှုယောင် ခေါက်ဆွဲပြင်ဆင်ရန်အတွက် အိုးကြီးတစ်လုံးကို မီးဖိုပေါ်တင်ကာ ရေနွေးအိုးတည်လိုက်သည်။
မုန္လာဥနီ၊ ဟင်းသီးဟင်းရွက်များနှင့် နွေကြက်သွန်တို့ကိုတွေ့သဖြင့် နောက်ပိုင်းတွင် အသုံးပြုရန်အတွက် သပ်ရပ်စွာ လှီးဖြတ်လိုက်သည်။
အမျိုးသမီးအစေခံများ သူမ၏ ဓားကိုင်ကျွမ်းကျင်မှုကြောင့် ထိတ်လန့်သွားကြသည်။ သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း သခင်မတစ်ယောက် ချက်ပြုတ်သည့်အချိန်ကို အမှတ်ရရန် ကြိုးစားနေကြ၏။
ထိုအချိန်တွင် ရေဆူလာပြီဖြစ်သဖြင့် ကျန်းရှုယောင် ခေါက်ဆွဲကို သံအိုးကြီးထဲသို့ ထည့်လိုက်သည်။
ပန်းကန်လုံးကြီးတစ်လုံးကိုယူပြီး ကြက်ဥခွဲထည့်၊ အသီးအရွက်နှင့် နွေကြက်သွန်ထည့် ဆားနှင့် ဂျုံမှုန့် ဖြူးပြီး သမအောင် မွှေလိုက်၏။သူမ မီးဖိုချောင်က မိန်းကလေးကို နောက်ထပ်မီးဖိုတစ်ခုလုပ်ခိုင်းပြီး မီးအနည်းငယ်ခွဲကာ ဒယ်အိုးပူပူမှာ ဆီထည့်လိုက်သည်။
YOU ARE READING
ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း
Non-FictionNew Normal တစ်ပတ် သုံးပိုင်း update ပါမယ်ရှင် .. Normal novel page မွာ ဒီနေ့ပဲစဖတ်လို့ရပါပြီ Title - Ancient Foodeie Survival Guide Description ကျန်းရှုယောင်တစ်ယောက် ဝိညာဉ်ကူးပြောင်းကာ ဟိတ်ဟန်များသည့် ပုံစံနှင့် ကြိုးတိုးကြောင်တောင် ဝတ်စားဆင်ယင...