ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1.5K 132 1
                                    

Chapter 5

ယူနန်တံတားဖြတ်ကျော် ဆန်ခေါက်ဆွဲ

ကျန်းရှုယောင် ယနေ့တွင် ယူနန်တံတားဖြတ်ကျော် ဆန်ခေါက်ဆွဲကို ပြုလုပ်ခဲ့သည်။

ပါဝင်ပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်များမှာ အကန့်အသတ်ရှိပြီး ကလေးများလည်း ရှိနေ သည်။ထို့ကြောင့် သူမ ပထမဆုံးတွေးမိသည်က မွှေးပြီး ပေါ့ပါးသည့် ဆန်ခေါက်ဆွဲပါပင်။

သူမ ဟင်းရည် ပြုတ်ရန် ကြက်မအိုကြီးတစ်ကောင် နှင့် ဝက်အရိုးတို့ကို ယူကာ အိုးကြီးတစ်လုံးတွင်ထည့်၍ တစ်နေ့ခင်းလုံး မီးဖိုပေါ်၌ ပြုတ်ထားလိုက်သည်။ ရှေးအကျဆုံး ထင်းမီးဖိုပေါ်တွင် ပြုတ်ထားသော စွပ်ပြုတ်က သူမတူအောင်း ထူးကဲလေသည်။ ခေါက်ဆွဲပေါ်မှာ ဆားနှင့် ငရုတ်ကောင်းဖြူ အနည်းငယ်ဖြူးပေးရုံနှင့် ကြက်စွပ်ပြုတ်ရည်က အရသာရှိနေပြီဖြစ်၏။

ကြက်စွပ်ပြုတ်ရည်ကို ကြက်ဆီအလွှာဖြင့် ဖုံးအုပ်ထားလေသည်။ ဟင်းရည်ထဲမှာ ပြုတ်ထားသည့် ကြက်သားက နူးညံ့ချောမွေ့၏။ ပြုတ်ထားသော ဆန်ခေါက်ဆွဲကို ထည့်လိုက်ပြီး အဓိက ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ကျန်းရှုယောင်က ကလေးနှစ်ယောက်ကို အစာစားသည့်အခါ အပူချိန်ကို အာရုံစိုက်ရန်ထပ်ခါတလဲလဲ ပြောခဲ့၏။ ကြက်စွပ်ပြုတ်ရည်ထဲက အဆီများကပွက်ပွက်ဆူနေပြီး အသားလွှာပါးပါးလေးများကိုဟင်းရည်ထဲမှာ ကျက်အောင်ထည့်ပြုတ်၍ရအောင်ထိ ပူနေသည်။

သို့ရာတွင် ရှောင်ကျောက်က အလျင်စလို စားနေတုန်းပါပင်။ သူက ပါးပါးလှီးထားသောဝက်သားလွှာကို ကောက်ယူပြီး ဟင်းရည်ထဲမှာစိမ်လိုက်၏။၎င်းနောက် နူးညံ့ပျော့ပျောင်းသော ခေါက်ဆွဲများကြားတွင် ညှပ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ အပူချိန်က သူ့ကို ပါးစပ္ကေန တဟူးဟူး လေရှူသွင်းမိစေပြီး မျက်နှာတွေ နီမြန်းလာသည်။

မြို့စားရှဲ့အိမ်တော်၏ပင်မမီးဖိုချောင်တွင် လတ်ဆတ်သောဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နှစ်ပတ်လုံးသိုလှောင်ထားသည်။ သူတို့မွာ မရှိလျှင်ပင် သခင်များက အမိန့်ပေးသည်အခါ အေစခံမ်ားက ချက်ချင်းရှာပေးကြလိမ့်မည်ဖြစ်၏။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now