ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

962 85 2
                                    

Chapter 49

ဝက်ဆီထမင်းနှင့် ခရမ်းသီးနှပ်

ရှဲ့ရွှင်း  သူ၏ အစားအသောက်ပုံးထဲသို့ ဟင်းရည်များ ဖိတ်ကျမည်ကို စိုးရိမ်သဖြင့် ယနေ့ မြင်းစီးမည့်အစား ရထားလုံးစီးရန် ရွေးချယ်ခဲ့သည်။

အရှေ့နန်းတော်သို့ ရောက်သောအခါ လင်းချန်က သူ့ကို တားလိုက်သည်။

"ဒီနေ့ ဟင်းရည်ယူလာတာလား" ဟု သူက မှင်တက်စွာပြောသည်။

ရှဲ့ရွှင်းကဆို၏။

"မင်းဘယ်လိုသိလဲ"

"ဒီလိုပုံစံနဲ့ကို မြင်ရင်ဘယ်သူကမသိဘဲနေမလဲ"

ပုံမှန်အားဖြင့် ရှဲ့ရွှင်းက ခပ်မှန်မှန်လျှောက်တတ်သော်လည်း သိမ်ပြီးတောင့်တောင့်ကြီးရှိမနေ ပေ။ ယနေ့ သူလမ်းလျှောက်သည့်အခါ သူ့ဝတ်ရုံထောင့်ပင် မလှုပ်ပေ။သူက နာမည်ကျော် သခင်မလေးကောချင်ရှုနှင့် သိပ်မကွာလှပါချေ။

မှန်သည်၊ လင်းချန်  ၎င်းကို မပြောဝံ့ပါချေ။ မည်သို့ပင်ဖြစ်စေ  သူ့နေ့စဉ်နေ့လယ်စာက ရှဲ့ရွှင်း၏ စိတ်အခြေအနေပေါ်မူတည်နေသည်။

ရှဲ့ရွှင်းရဲ့အိမ်ထောင်ရေးကံက အရမ်းကောင်းတယ်ကွာဟု ညည်းညူမြည်တမ်းရင်း သူက တဟီးဟီး ရယ်မောလိုက်၏။ တစ်ချိန်တည်းမှာပင် သူ သက်ပြင်းချလိုက်သည်။

'ငါလည်းမိန်းမယူရင် ငါ့ဘဝက ပိုကောင်းလာမှာ မဟုတ်ဘူးလား'

မွန်းတည့်အချိန်၌ လင်းချန်းက ရှဲ့ရွှင်း၏ မျက်စောင်းထိုးတွင် နာခံမှုရှိရှိဖြင့် ထိုင်ကာ ယနေ့နေ့လည်စာဘူးကို မျှော်တလင့်လင့် ကြည့်နေသည်။

ရှဲ့ရွှင်း  အရင်ဆုံး တစ်ချက်ကြည့်လိုက်သည်။ယနေ့ ဟင်းပွဲတွေက အလွန်ကို အလျှံအပယ်ဖြစ်၏။

မနေ့ညက အဝါရောင်ကြက်သားနှပ်အပြင် အရောင်တောက်တောက်တောက် အသားနိုင်းချင်းနှင့်  ခရမ်းသီးဟင်းလည်း ရှိသေးသည်။

ထမင်းကိုကြည့်လိုက်သောအခါ အပေါ်မှာ ဝက်ဆီတစ်ဇွန်း ရှိနေ၏။ ဝက်ဆီကို ပါးပါးလှီးထားသော နွေကြက်သွန်နှင့် ပဲငံပြာရည်တို့ဖြင့် ဖြူးထားပြီး ဘေးတစ်ဖက်တစ်ချက်တွင်လည်း ဝက်ဆီအကြွင်းအကျန်များ ရှိနေသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းTempat cerita menjadi hidup. Temukan sekarang