ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1.6K 122 0
                                    

Chapter 4

ရွုရွီက ကျန်းရှုယောင်ထက် နှစ်တစ်ဒါဇင်ခန့် ပိုကြီးသော်လည်း ကျန်းရှုယောင်ကို သူမက ရင်းနှီးသောညီမငယ်လေးကဲ့သို့ ဆက်ဆံခဲ့သည်။ ကျန်းရှုယောင် ဤသည်က နှစ်ယောက်ကြား ပထမဆုံး တရားဝင် စကားပြောဆိုခြင်းရောဟုတ်ရဲ့လားဟုပင် တွေးမိလာသည်။

"ယောက်မအလုပ်များနေရင် နောက်မှလာခဲ့မယ်လေ"
ကျန်းရှုယောင်က ပြောလိုက်သည်။

"မင်းကအခုမှ လာတာလေ... ထိုင်ပါဦးကွယ်"
ရွုရွီက ပြုံးပြီး ခေါင်းယမ်းကာ ကျန်းရှုယောင်၏လက်ကိုဆွဲ၍ ထိုင်ခိုင်းလေသည်။
"ဘာဖြစ်လို့ တတိယယောက်မက ငါ့ကို လာရွာတာလဲ"

ရွုရွီ၏ မျက်နှာက ကြင်နာပုံရနေသော်လည်း ကျန်းရှုယောင်လာရခြင်း၏ ရည်ရွယ်ချက်ကို သူမ ဆက်တိုက်တွေးနေခဲ့သည်။ မင်္ဂလာဆောင်ပြီး ပထမနေ့တွင် ယောက္ခမထံသို့ မသြားဘဲ ခင်ပွန်းဖြစ်သူနှင့် မလိုက်ဘဲ အဘယ်ကြောင့် သူမဆီပြေးလာရသနည်း။

အနည်းငယ်တွေး ပြီးနောက် သူမ ကျန်းရှုယောင်၏ လက်ရှိအခြေအနေကို တွေးကာ အနည်းငယ် အထင်အမြင်သေးလာခဲ့သည်။

ရှဲ့ရွှင်းက သူမကိုရှောင်နေခြင်းဖြစ်မည်ဟု သူမ ခန့်မှန်းခဲ့သည်။ အိမ်ထဲမှာ ငိုမေနဘဲ မရှက်သည့် မျက်နှာနှင်် အပြင် ထြက္လာ၏။ ကောလဟာလများကပြောသလိုပဲ သူမက တကယ္ကို အရေထူပုံပါပင်။

ကျန်းရှုယောင် ရှုရှီ၏စိတ်ထဲက အေတြးမ်ားကို မသိပေ။ သူမ အစပိုင်းတွင် အနည်းငယ်ရှက်ရွံ့နေခဲ့သော်လည်း ရွုရွီ ၏ ဧည့်ဝတ်ကျေပွန်မှုမှာ အလွန်စိတ်အားထက်သန်နေမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ထို့ကြောင့် မရင်းနှီးသောခံစားချက်များက ပျောက်ကွယ်သွားခဲ့သည်။ သူ မ စိတ်ထဲကနေ ရွုရွီကို ချီးကျူးနေရင်း ရွုရွီသူမဆီ တွန်းပို့လိုက်သည့် သေရစာကို မြည်းစမ်းလိုက်သည်။

ပဲတီစိမ်းကိတ်က ချိုမြိန်ပြီး နူးညံ့သည်၊ ခံတွင်းထဲတွင် အရည်ပျော်သွားကာ အနည်းငယ်ချို၏။ လက်ဖက်ရည်နှင့် အလွန်သင့်တော်လေသည်။

အကိုက်အနည်းငယ်ကိုက်ပြီးနောက် လက်ချောင်းများကို သန့်စင်အောင် သုတ္လိုက္ကာ လာရင်းကိစ္စကို အမှတ်ရသွားသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now