ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

811 71 0
                                    

Chapter 69

ဘဲကင်

ကျန်းရှုယောင် လျှောက်သွားကာ ကိတ်မုန့်ကိုချပြီး ကိုးရိုးကားယား ဆိုလိုက်သည်။

"အကြီးဆုံးယောက်မ... ဒုတိယယောက်မ"

ကျိုးရှီက  သူမကိုဘာကြောင့် ဝါးစိမ်းခြံဝင်းကိုလာပြီး သူတို့ထဲမှာပါဝင်ရန် ရွေးချယ်ခဲ့သလဲဟု  ကျန်းရှုယောင်က မေးသည်အထိ မစောင့်ခဲ့ပါချေ။

"ဘာဘဲဖြစ်ဖြစ် ငါကအားနေတာလေ... နင်ကငါ့ကို စိတ်ရင်းမှန်နဲ့ဖိတ်ခေါ်တဲ့အတွက် ငါလာခဲ့တာ"

ယခုလိုပြောနေပေမဲ့ စိတ်ထဲမှာမူ နောင်တရနေမိသည်။ သူမ စောစောက ထိုမျှလောက် မြန်မြန်ဆန်ဆန်နှင့်မငြင်းလိုက်သင့်ပေ။

သူမက ကျန်းရှုယောင်ကိုပြောနေသော်လည်း သူမ၏အကြည့်က ရှုရှီ၏ မျက်နှာပေါ်တွင် ရှိနေပြီး  "နင်ကငါ့ကို စိတ်ရင်းမှန်နဲ့ ဖိတ်ခေါ်တယ်" ဆိုသည့် စကားလုံးလေးလုံးကို လေးနက်သောအဓိပ္ပါယ်ဖြင့်ပြောခဲ့သည်။

ရှုရှီက  သူမစကားကြားသောအခါ နူးညံ့စွာပြုံးပြီး ကျန်းရှုယောင်၏ လက်ကိုဆွဲကာဆို၏။

"ကိစ္စတွေအမြန်ပြီးအောင်လုပ်ပြီး ဒီကိုအပြေးလာခဲ့တာ...ဘယ်လိုပဲဖြစ်ဖြစ် မင်းကလူများရင် ပိုအသက်ဝင်မယ်လို့ ပြောတယ်လေ"

သူမ၏ သဘောထားသည် အလွန်နူးညံ့သိမ်မွေ့ပြီး စဥ်းစားပေးတတ်ကာ ကျန်းရှုယောင်၏မျက်လုံးများကို လှုပ်သွားစေခဲ့သည်။

ရှူး--

ကျိုးရှီ  အသက်ပြင်းပြင်းရှူလိုက်သည်။ သူမက အမှားလုပ်ခဲ့ပြီး  ရှုရှီ၏နူးညံ့သိမ်မွေ့သောအသွင်အပြင်ကြောင့် အမှောင်ဖုံးသွားခဲ့သည်။ သူမ တကယ်ကို  သူ့ပါးစပ်သူ ရိုက်ချင်နေသည်။ ဘာကြောင့် ဒီလောက် မာဆတ်ဆတ်နိုင်ရတာလဲ...

ကျန်းရှုယောင်က သူမ၏အဆင်မပြေမှုတွေကို ဂရုမစိုက်ဘဲ သူတို့ရှေ့မှာ ကိတ်မုန့်ကို တွန်းပို့ရင်း အမြွှာနှစ်ယောက်ကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လိုက်၏။

"ဒါက မွေးနေ့ကိတ်...အတူတူလှီးရအောင်"

ကျန်းရှုယောင် ကိတ်မုန့်ပေါ်တွင် မည်သည့်ဖယောင်းတိုင်မျှ မထည့်ခဲ့ပေ။ သူတို့အတွက် ကံမကောင်းစေသော အယူသီးမှုတစ်ခုရှိမည်ကို သူမစိုးရိမ်ခဲ့သည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now