ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

882 70 2
                                    

Chapter 59

ဆန်ခေါက်ဆွဲမွှေကြော်

ကျန်းရှုယောင် အချိန်ကျလျှင် ခရမ်းသီးအချပ်တစ်ချပ်ကို ဘာဘီကျူးတွင် ထည့်လိုက်သည်။ ခရမ်းသီးအချပ်တွေက ဆီတွေကို စုပ်ယူပြီး သုံးစက္ကန့်ကနေ ငါးစက္ကန့်ကြာသည့်အခါ ဆီတွေက ခရမ်းသီးကို ပျော့ပြောင်းပြီး ဖယောင်းကဲ့သို့ဖြစ်စေကာ အတွင်းပိုင်းကမူ ရေလိုပါပင်။ ကိုက်လိုက်သောအခါ အရည်ပျော်သွားသည်။သူ့မှာ ခရမ်းသီးနှင့် ဝက်သား၏ရနံ့ရှိသည်။

ဘာဘီကျူး အနည်းငယ်စားပြီးသောအခါ ချိုပြီး အနည်းငယ်ချဉ်သော အအေးနှင့် ချဉ်သော ဇီးသီးဟင်းချိုကို သောက်ပြီး အီစိမ့်မှုနှင့် အပူကို သက်သာစေသည်။

ရှဲ့ရွှင်းတစ်ယောက်  ပျော်ရွှင်စွာ စားသောက်ခဲ့သည်။ ကျန်းရှုယောင် နှင့်လက်ထပ်ပြီးကတည်းက ဝက်သား၏ဂုဏ်ကျက်သရေကို သူအပြည့်အဝနားလည်လာခဲ့သည်။

ကျန်းရှုယောင်  ဝက်ဗိုက်သားကို အများကြီး မပြင်ဆင်နိုင်ခဲ့သည့်အတွက် စိတ်မကောင်းစရာပါပင်။ ရှဲ့ရွှင်း၏ ပါးစပ်က စွဲလန်းနေသော်လည်း ဗိုက်မပြည့်မီတွင် သူ့ပန်းကန်ပြားမှာ ဗလာဖြစ်နေသည်။

ကျန်းရှုယောင်ကရှင်းပြလိုက်၏။

"အဆီများတဲ့ အစားအစာတွေ အများကြီးစားတာ မကောင်းဘူး"

ရှဲ့ရွှင်း  ပြန်လည်ချေပချင်သော်လည်း အဆုံးတွင် နာခံမှုရှိရှိဖြင့် "အွမ်း" ဟုသာအသံပြုနိုင်ခဲ့သည်။

ကျန်းရှုယောင်  သူမအစေခံများကိုခေါ်ပြီး သန့်ရှင်းရေးလုပ်ခိုင်းကာ ဇီးသီးဟင်းရည်ပါသည့် လက်ဖက်ရည်ခွက်ကို ကိုင်၍  ထွက်ခွာသွားခဲ့သည်။ အဆီများသည့်အနံ့တွေနှင့် ပြည့်နေသည့်အတွက် သူမ အဝတ်လဲပြီး  အိမ်ပြန် ရေချိူးရန် အဆင်သင့်ဖြစ်နေသည်။

ရှဲ့ရွှင်း  သူမနောက်ကျောကို ကြည့်ပြီး ရှုပ်ပွနေတဲ့ ထမင်းစား စားပွဲကို ကြည့်ကာ နောင်တအပြည့်နှင့် မျက်မှောင်ကြုတ်လိုက်၏။

စားပြီးသည်နှင့်  သူ့သတ္တိလည်း ပေါ်လာသည်။

ရှဲ့ရွှင်း  စာကြည့်ခန်းသို့ အမြန်ပြန်ကာ ဆံထိုးကိုယူ၍အရှေ့တောင်ပံသို့ အမြန်ပြေးသွားခဲ့သည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now