ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1.2K 98 0
                                    

Chapter 15

ညလယ်အဆာပြေမုန့်

သူမ ပေါ့ပေါ့ပါးပါး လှန်လိုက်သော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ၏မျက်ခုံးများ ပြင်းထန်စွာ တွန့်သွားသည်။

"ဘာတွေရေးထားတာလဲ..."

သခင်မကြီး သူမတစ်သက်တွင် ထိုမျှ ရုပ်ဆိုးသည့်အက္ခရာများကို တစ်ခါမျှ မတွေ့ဖူးပေ။

ကျန်းရှုယောင်က  စိတ်ဓာတ်ကျစွာ "ကျမ်းစာတွေပါ"ဟုဖြေလိုက်၏။  သူမစာများက ထိုမျှလောက်မဆိုးဘူးဟု သူမတကယ်ခံစားရသည်။

"မင်း... မင်းက ဝတ်ကျေတမ်းကျေလုပ်ထားတာပဲ"

သခင်မကြီး  ပို၍ ပို၍ ဒေါသ ထွက်လာသည်။ ဆယ်ရက်လောက် ကူးပြီး ရလဒ်က ဤသရဲရုပ်များဖြစ်နေရာ မရေးသည်က ပိုကောင်း၏။ အတည်အတံ့ပြောရပါလျှင် ဤသည်က ဗောဓိသတ္တကို မရိုသေခြင်းဖြစ်သည်။

"ချွေးမ မဝံ့ပါဘူး"

ကျန်းရှီတစ်ယောက် မတရားခံနေရ၏။ လူဖျင်းတစ်ယောက်ရဲ့ ဝေဒနာကို ဘယ်သူနားလည်နိုင်ပါ့မလဲ...

”ချွေးမက စာပေကောင်းကောင်းမတတ်ဘူး...  ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ရေးနေပါစေ စကားလုံးတွေက ဒီလိုဖြစ်နေပေမဲ့ စကားလုံးတိုင်းကို စိတ်ရင်းမှန်နဲ့ လေးလေးစားစား ရေးခဲ့တာပါ... ကျမ်းဂန်တွေကိုကူးနေချိန်က ကျွန်မရဲ့'ရိုးသားမှု' ကို အာရုံစိုက်ပေးပါလားဟင်"

"ကောင်းပြီ... မင်းက ပြန်ပြောနေသေးတာပဲ... မင်း ပန်းတွေအကြောင်း စပြောမယ်ငါထင်တာ"

သခင်မကြီးက  သူမကို ဝတ်ကျေတမ်းကျေလုပ်သည်ဟု အခိုင်အမာပြောနေပြီး နားထင်များကို ပွတ်သပ်ရင်းဆို၏။

"ထားလိုက်ပါ...ထားလိုက်ပါတော့... မင်းက အာရုံမစိုက်ချင်မှတော့  ငါမင်းကို ဘယ်လိုလုပ်တွန်းအားပေးရမလဲ"

ကျန်းရှုယောင် လွန်စွာမတရားစွပ်စွဲခံခဲ့ရသည်။ ယခုအချိန်တွင် ကျမ်းဂန်ကူးယူပြီးနောက် သူမ၏လက်ကောက်ဝတ်မှာ နာကျင်နေသော်လည်း သူမ ထိန်းထားခဲ့သည်။

သခင်မကြီး သူမခေါင်းငိုက်စိုက်ကျသွားသည်ကို မြင်လိုက်ရပြီး သူမ၏ သနားစရာကောင်းသော အသွင်အပြင်သည် သူမ၏နှလုံးကို ပို၍ သွေးများဆောင့်တိုးလာစေ၏။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းDonde viven las historias. Descúbrelo ahora