Chapter 7
ကျန်းရှုယောင် တုံ့ပြန်နိုင်သောအခါတွင် သူတို့က ခြံဝင်းထဲမှ ထွက်သွားကြပြီဖြစ်သည်။
"သခင်မ"
ကျန်းရှုယောင် အကြာကြီး အေးခဲနေသည်ကို မြင်ပြီး ပိုင်ကျီက တိုးတိုးလေးခေါ်လိုက်သည်။
ကျန်းရှုယောင် သတိပြန်ဝင်လာပြီး ရယ်ရမလိုငိုရမလိုဖြစ်ကာ အကူအညီမဲ့စွာ ခေါင်းခါလိုက်၏။
"သွားရအောင်... မီးဖိုချောင်ကိုသွားမယ်"
ပိုင်ကျီက မျက်တောင်ခတ်လိုက်ပြီး
"ဟင်..."
"မေမေက အခုတလော အစာစားချင်စိတ် ပျောက်နေတယ်... ငါ တတ်နိုင်သလောက် သူ့အတွက် အရံဟင်းတွေ ချက်ပေးမလို့...ကျန်တာ....."
သခင်မရှန်းယန်၏ ခုနက အကြမ်းပတမ်းပုံစံ တွေးပြီး သူမ တကယ်ကို ဘာမှသိပ်မတတ်နိုင်ပါချေ။
ပိုင်ကျီက ခေါင်းညိတ်ပြပြီး သူမနောက်ကနေပင်မမီးဖိုချောင်သို့ လိုက်လာခဲ့သည်။ အစေခံတစ်ယောက်က ကော်နယ်ဆီ သယ်သွားပြီးပြီဖြစ်၏။
ကျန်းရှုယောင်က မီးဖိုချောင်ရှိ ပါဝင်ပစ္စည်းများကို လျင်မြန်စွာ ကြည့်လိုက်ပြီး စီချွမ်ဟင်းလျာ နှစ်မျိုးကို တွေးကာ သူမ၏ဝတ်ရုံလက်ကို လိပ်တင်၍ ချက်ခြင်း စတင်လိုက်သည်။
သူမပတ်ဝန်းကျင်ရှိလူတိုင်း ကြောက်ရွံ့ထိတ်လန့်သွားကြသည်။
"ဘာလုပ်နေတာလဲ ကြောင်တောင်တောင်နဲ့... အလုပ်သွားလုပ်"
ကျန်းရှုယောင်က ပြောလိုက်သည်။
မီးဖိုချောင်တွင် ပုံမှန်လှုပ်ရှာများ ပြန်လည်စတင်လာခဲ့သော်လည်း မရေမတွက်နိုင်သော မျက်လုံးများက မီးဖိုချောင်ကို မတော်တဆ ဖြိုချမိမည်ကို စိုးရိမ်သောကြောင့် ကျန်းရှုယောင်ဆီသို့ ခဏပြီးခဏ ကြည့်နေခဲ့ကြသည်။
မင်းဆက်ကို တည်ထောင်ခဲ့သည့် ဧကရာဇ်မင်းက အလွန်စွမ်းဆောင်နိုင်သူဖြစ်ပြီး တာတမံများတည်ဆောက်ခြင်း၊ ကူးသန်းရောင်းဝယ်ရေး ပြုပြင်ပြောင်းလဲမှုများလုပ်ခြင်း၊ ရေကြောင်းကုန်သွယ်ရေးကိုဖွင့်လှစ်ခြင်းနှင့် တော်ဝင်စာမေးပွဲများကို တိုးမြင့်ပေးခဲ့သည်။သို့ရာတွင် အနှီခေါင်းဆောင်ကြီးက အစားအသောက်နှင့် ပတ်သက်ပြီး တတ်ကျွမ်းသူကား မဟုတ်ခဲ့ပါချေ။တိုင်းပြည် မထူထောင်ခင်က ချက်ပြုတ်နည်းမှာ ရေလုံပြုတ်ခြင်းသာဖြစ်၏။ တိုင်းပြည်ကို ထူထောင်ပြီးသည့်နောက်မှာ ဟင်းချက်နည်းကို တီထွင်ခဲ့ကြသည်။ သူ့ကိုယ်၌က ပေါ့ပေါ့ပါးပါး အစားအသောက်သမားဖြစ်လေရာ ယခုခေတ်၏အစားအသောက်များကို ပေါ့ပါးပြီး အရသာရှိသည့်ဟင်းလျာများဆီ ရောက်သွားစေခဲ့၏။
YOU ARE READING
ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း
Non-FictionNew Normal တစ်ပတ် သုံးပိုင်း update ပါမယ်ရှင် .. Normal novel page မွာ ဒီနေ့ပဲစဖတ်လို့ရပါပြီ Title - Ancient Foodeie Survival Guide Description ကျန်းရှုယောင်တစ်ယောက် ဝိညာဉ်ကူးပြောင်းကာ ဟိတ်ဟန်များသည့် ပုံစံနှင့် ကြိုးတိုးကြောင်တောင် ဝတ်စားဆင်ယင...