ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1.1K 89 0
                                    

Chapter 16

ကျန်းရှုယောင်၏ မျက်လုံးများတောက်ပသွားသော်လည်း သူမ ပဟေဠိဖြစ်သွားသည်။

"သူကဆန္ဒရှိမှာလား"

ပုံမှန်အားဖြင့် သူက တင်းမာသောမျက်နှာဖြင့် ရွံရှာနေလိမ့်မည်။

ပိုင်ကျီက  အိမ်ရန်ပွဲ၏ လှံနှင့်ဓားရိပ်တွင် ကြီးပြင်းလာရသော အစေခံတစ်ဦးဖြစ်ထိုက်သည်။ သူမက ပူးပေါင်းကြံစည်မှုနှင့် အကြံဉာဏ်များတွင် အလွန်တက်ကြွသည်။

“သခင်က သခင်မနဲ့ ဝေးရာကို သွားချင်တယ်ဆိုမှတော့ သူ့ကို နှောင့်ယှက်သင့်တယ်... ခြိမ်းခြောက်ရင်တောင် ချော့မော့တယ်လို့ ယူဆလို့ရတယ်... ယောက်ျားတွေက မိန်းမတွေနဲ့ပြဿနာဖြစ်မှာကို အကြောက်ဆုံးလို့ အမေက ပြောတယ်... နှစ်ရာကျော် သံမဏိပြုလုပ်သည့်တိုင် ပျော့ပျောင်းသောလက်ချောင်းများအဖြစ်သို့ ပြောင်းလဲရပေလိမ့်မည်"

ပိုင်ကျီ၏မိခင်က သခင်မရှန်းယန်၏ဘေးတွင် သြဇာကြီးသော နို့ထိန်းဖြစ်သည်။

ကျန်းရှုယောင်  ဤကိစ္စကို သေသေချာချာ တွေးတောပြီး ဤနည်းက ကောင်းသောနည်းလမ်းဟု ထင်မြင်မိသည်။ ရှဲ့ရွှင်းက သူမကို မုန်းတီးသောကြောင့် သူမ သူ့ ရှေ့မှောက်ကို သွားပြီး သူစက်ဆုပ်အောင် လှုပ်ခါပစ်မည်။ ရွံရှာစရာနှင့် ကြုံလာသည့်အခါ ကျန်းရှုယောင်  ထွက်သွားရန်အတွက် သူမကို တောင်းဆိုချက်လေးတစ်ခု ကတိပေးလိမ့်မည်။

ပိုင်ကျီ  ပြောခဲ့သည့် အလှတရားလှည့်ကွက်များအတွက်မူ ကျန်းရှုယောင် အလိုအလျောက် လျစ်လျူရှုခဲ့၏။

ရှဲ့ရွှင်းက သန့်ရှင်း ဖြောင့်မတ်သော ပုံစံရှိသူဖြစ်ပြီး အမျိုးသမီးနှင့် မနီးစပ်သော ရဟန်းတစ်ပါးနှင့်တူသည်။ မမှန်မကန်ပြုမူကာ ဗိုက်ထဲတွင် ဘာမင်မှမရှိသော သူမကဲ့သို့ အမျိုးသမီးတစ်ဦးအပေါ် မည်သည့်အခါမျှ ကောင်းမွန်သည်အမြင်မျိုး ရှိလာမှာ မဟုတ်ပါချေ။

[ET/N- "သူမ၏ဝမ်းထဲတွင် မင်မရှိ" ဆိုသည်မှာ စာပေတွင် အရည်အချင်းမရှိဟု ဆိုလိုသည်။]

...

လမင်း သစ်ကိုင်းသစ်ခက်များထက်သို့ ရောက်သောအခါ တောက်ပသော လရောင်က တစ်ဖက်ပိတ်ထားသော ပြတင်းပေါက်များမှတစ်ဆင့် စာကြည့်ခန်းထဲသို့ စိမ့်ဝင်နေသည်။ ရံဖန်ရံခါ ညလေညင်းများက တိုက်ခတ်လာကာ လန်းဆန်းအေးမြမှုကို ယူဆောင်လာကြသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now