ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

875 75 0
                                    

Chapter 64

ကျန်းရှုယောင်က  စိတ်ပူပြီးပြောလေ၏။

"အခု သူ့ကို သွားတွေ့မယ်"

ရှဲ့ရွှင်း သူမပုခုံးကို ဖိလိုက်သည်။

"ဒုတိယမရီးက အနားယူနေတာ.. ဘာသွားလုပ်မှာလဲ... မနက်ဖြန်အထိ စောင့်"

ကျန်းရှုယောင် တွေးနေသည်ကို ရပ်လိုက်၏။

ရှဲ့ရွှင်းက ညစာဗန်းကို ကောက်ကိုင်လိုက်ပြီး သူ့မရှေ့မှာ ကိုင်ထားပေးကာဆိုသည်။

"စား"

သူ့လုပ်ရပ်က ကျန်းရှုယောင်ကို ရယ်လည်းရယ်ချင် ငိုလည်းငိုချင်ဖြစ်သွားစေ၏။

"ကျွန်မ ဒဏ်ရာမရဘူးလို့ ပြောခဲ့တာကို ရှင်က–"

စကား တစ်ဝက်လောက်တွင် ကျန်သည်များက သူမ လည်ချောင်းထဲတွင် နစ်မြုပ်နေခဲ့သည်။

သူမ အကြည့်များက ညစာ ဗန်းပေါ် ကျရောက်သွားပြီး  ဆန်ပြုတ်ဖြူပန်းကန်နှင့် ကြက်ဥပေါင်း ပန်းကန်တို့ ပူနွေး မွှေးပျံ့သော အနံ့လေးဖြင့် အငွေ့တထောင်းထောင်းထနေသည်ကို တွေ့လိုက်ရသည်။

သူမ အံ့အားသင့်သွားသည်ကိုမြင်သောအခါ ရှဲ့ရွှင်း စိတ်လှုပ်ရှားစွာမေးလိုက်မိ၏။

"ဟုတ်တယ်မဟုတ်လား"

ကျိုးရှီဆီ လူမမာသွားမေးစဥ်က ရှုရှီက ကျန်းရှုယောင်၏ အခြေအနေကို မေးခဲ့သည်။ ရှဲ့ရွှင်း  သူမကို စကားအနည်းငယ်ပြောခဲ့ပြီး ရှုရှီက တစ်ချိန်က သူမနေမကောင်းသည့်အခါ သူမအမေလုပ်ထားသည့် ဆန်ပြုတ်နှင့် ကြက်ဥပေါင်းစားချင်သည်ဟု ကျန်းရှုယောင်ကပြောခဲ့ဖူးသည်ဟုထည့်ပြောလာ၏။

ကျန်းရှုယောင်က သူမအမေကိုယ်တိုင် ချက်ပြုတ်ထားသည်ကိုစားရမှသာ စိတ်သက်သာရာရနိုင်သည်ဟု ရှုရှီက ပြောသည်။ ရှဲ့ရွှင်းတစ်ယောက် သခင်ရှန်းယန်၏အိမ်တော်သို့ သွားကာ လင်းရှီကို ထိုအရာများယူလာခိုင်း၍ ဘယ်သောအခါမှ ရမည်မဟုတ်သောကြောင့် သူ့အနေဖြင့် မီးဖိုချောင်သို့သွားကာနှစ်ပန်းကန်လုပ်ရတော့သည်။

ကျန်းရှုယောင် ရှဲ့ရွှင်းကိုကြည့်လိုက်သောအခါတွင် သူမ သူ၏ အကြောသေနေသော မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုကို ထင်ရှားစွာခံစားရသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now