ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1.1K 106 0
                                    

Chapter 14

နံနက်စာ

ကျန်းရှုယောင် အမှတ်အချို့ကို ရယူလိုသည်။ လေးစားမှုနှင့် ကျိုးနွံမှုတို့သည် သူမအတွက် မသင့်လျော်သော်လည်း သူမက သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်နိုင်သည်။ မှန်ပေသည်၊ ခေတ်သစ်စကားအရ ချိုမြိန်ပြီး လိမ္မာကျိုးနွံခြင်းကို "ဖော်လံဖားခြင်း" ဟုခေါ်သည်။

ကျန်းရှုယောင်လည်း အတော်လေး အပြင်းအထန် ကြိုးစားခဲ့၏။ သူမ စောစောထပြီး ပင်မခန်းမဆောင်ဆီသို့ ပြေးသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ရာသီဥတုက ပူပြင်းလာပြီး မနက်ခင်း အပူချိန်က သိပ်မနည်းလှပါချေ။ နှစ်မိနစ်လောက်စောင့်ပြီးမှ သခင်မကြီးနိုးလာသည်။

ထိုအချိန်တွင် ရှုရှီလည်း ရောက်လာလေသည်။ဤမိသားစုထဲကို  လက်ထပ်ဝင်လာခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်သော်လည်း သူမ မနက်ခင်းဂါရဝပြုခြင်းကို တစ်ခါမှနောက်မကျခဲ့ပေ။

ကျန်းရှုယောင် ရှုရှီရောက်ရှိလာသည်ကို မြင်သောအခါ သူမ အကြံကောင်းတစ်ခုရလာခဲ့သည်။ ရှုရှီက ချွေးမကောင်းတစ်ယောက်အတွက် စံနမူနာပုံစံပင် မဟုတ်ပါလော။ သူမအတိုင်း လိုက်လုပ်ရန်အဆင်ပြေ၏။

၎င်းကိုစဉ်းစားရင်း ကျန်းရှုယောင် ရှုရှီကို ဖော်ရွေစွာပြုံးပြလိုက်သည်။

ရှုရှီ၏နှလုံးသားက ကျန်းရှုယောင်  ဘာတွေးနေလဲဆိုသည်ကို မပြောနိုင်ပေ။ သူမကိုပြုံးပြသည်ကိုမြင်သောအခါ သူမ အနည်းငယ်ပင် ထိတ်လန့်သွားသေး၏။ သူမကို ဆန့်ကျင်နိုင်မဲ့ တစ်ခုခုကိုများ ဆုပ်ကိုင်ထားတာလား...

သူမက သတိကြီး၊ အကင်းပါးပြီး တွေးခေါ်တတ်သူဖြစ်သော်လည်း သူမ၏ နှလုံးသားထဲတွင် မည်သို့ပင် တွေးနေပါစေ၊  မျက်နှာပေါ်တွင် ပေါ်လွင်နေမည်မဟုတ်ပေ။

"တတိယယောက်မက ဒီနေ့ စောစောလာတာပဲ" သူမက ကျန်းရှုယောင်နှင့် ကြင်နာညင်သာစွာ စကားပြောခဲ့သည်။

ကျန်းရှုယောင်က စကားမပြောမီတွင် ဒုတိယအိမ်တော်ခွဲ၏သခင်မကျိုးရှီ ရောက်လာသည်။ ကျန်းရှုယောင်က ဤသို့ ရောက်လာမည်ဟု သူမ မမျှော်လင်ခဲ့မိပေ။ သူတို့ နှစ်ယောက် စကားပြောနေသည်ကို မြင်ရာတွင် မျက်လုံးနှင့် တစ်ချက်သိမ်းကျုံးကြည့်ပြီး  အဓိပ္ပါယ်ရှိရှိ ပြုံးပြလိုက်သည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now