ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1.4K 118 0
                                    

Chapter 8

နှစ်လွှာ နို့ပူတင်း

ရှဲ့ရွှင်း သူမအနားသို့ လျှောက်သွားလိုက်ရာ သူမ၏ပုံစံကို မြင်လိုက်ရသည်။ သူမကို မကျေမချမ်းဖြစ်မိသော်လည်း အရှိန်လျှော့လိုက်ဆဲဖြစ်ပြီး ပူပြင်းသည့် နေရောင်အောက်မှာ အိမ်အပြင်ဘက်၌ ဖြည်းညှင်းစွာ လျှောက်နေခဲ့၏။

"မင်းခုနက ဒီဟင်း နှစ်မျိုးကို တကယ်ချက်ခဲ့တာလား"

ရှဲ့ရွှင်းက လမ်းလျောက်ရင်း မေးလိုက်သည်။

ကျန်းရှုယောင်က ပေါ့ပေါ့ပါးပါးဆို၏။

"ဟုတ်တယ်"

ရှဲ့ရွှင်း ကျန်းရှုယောင် နှင့် ယခုလေးတင် စကားပြောမိသည့်အတွက် နောင်တရကာ သူ့စကားများကို တဖန်မျိုချလိုက်သည်။ နေရောင်ကြောင့် သူတကယ်ကို မျက်စိကျိန်းနေ၏။

သူ အရှိန်မြှင့်ပြီး ကျန်းရှုယောင်ကို အလျင်အမြန် ချန်ထားခဲ့လိုက်သည်။

ကျန်းရှုယောင် သူ့နောက်ကျောကိုကြည့်ပြီး "နားကိုမလည်နိုင်ဘူး" ဟုတိုးတိုးလေးပြောလိုက်၏။

သခင်ရှန်းယန်၏စံအိမ်နှင့် မြို့စားရှဲ၏အိမ်က မဝေးလှပါဘဲ ရထားလုံးက တလှုပ်လှုပ်ဖြင့် ထွက်ခွာသွားသည်။ ကျန်းရှုယောင်က ကန့်လန့်ကာထောင့်ကိုဖွင့်လိုက်ပြီး ခေါင်းငုံ့ကာ အပြင်ကိုကြည့်လိုက်သည်။ ရှဲ့ရွှင်းက သူမကို လုံးဝမမေးဘဲ တားရန် ပျင်းနေခဲ့၏။

လမ်းတစ်လျှောက်မှာ အိမ်ကြီးများကလွဲ၍ ဘာကိုမှ ကြည့်စရာမရှိပါချေ။ ကျန်းရှုယောင် ကန့်လန့်ကာများကို ချခါနီးမှာ သစ်သားလှည်းတစ်စီးက သူမရှေ့က ဝင်လာပြီး အိမ်တော်တစ်ခု၏ နောက်ဖေးတံခါးဆီ ထောင့်စွန်းဘက်ကို လှည့်နေသည်အား တွေ့လိုက်၏။

ယင်းက ထူးဆန်းသဖြင့် သူမ မေးလိုက်သည်။ "အဲ့ဒါက ဘာလဲ"

ပိုင်ကျီက သေချာမသိပေမဲ့ ရထားရှေ့မှာထိုင်နေသည့် လူငယ်က ပြန်ဖြေ၏။

"သခင်မကို ပြန်ဖြေရရင် ဒါက ဆိတ်နို့ပို့ပေးတဲ့ ရှီးရှီက ဟွေ့ပြည်သူ့ဆိုင်ကပါ"

"ဆိတ်နို့လား"

ကျန်းရှုယောင်၏ မျက်လုံးများ တောက်ပလာသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now