ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1K 84 0
                                    

Chapter 42

ပါးစပ်အပြည့် နှစ်လုတ်စားပြီးနောက် ဝတ်ရုံလက်ကိုအောက်ချကာ လက်ကိုင်ပုဝါကို ထုတ်၍ ပါးစပ်ထောင့်ကို ညင်သာစွာ ပွတ်သပ်ရင်းဆိုလိုက်၏။

"ရှဲ့သခင်မက တကယ်ကို လက်ရာကောင်းတာပဲ"

ကျန်းရှုယောင်က ပြုံးပြီးပြောလိုက်သည်။  "ဘယ်မှာ ကောင်းလို့လဲ...ကောသခင်မလေးက ကျွန်မကိုလွန်လွန်ကျူးကျူးမြှောက်နေပါပြီ...ကျွန်မက  ပေါ့ပေါ့ပါးပါးပဲ ပြင်ဆင်ထားပြီး သယ်ရလွယ်လား ဆိုတာကို စမ်းသပ်ဖို့ စီစဉ်ထားတာ"

"ရှဲ့သခင်မက စမတ်ကျတယ်...ဒီလိုအစားအစာမျိုးက တကယ်ကို သယ်ရတာ အဆင်ပြေတယ်... ဒီနေ့ ပူတယ်... နည်းနည်းအေးရင်တောင် အရသာရှိတုန်းပဲ"

ကောချင်ရှုက ပိုက်ဆံမပေးရတိုင်း ချီးကျူးနေတော့သည်။

"သခင်ရှဲ့က မင်းလို ဇနီးကောင်းကို ရှာတွေ့တာကံကောင်းတယ်"

၎င်းကိုကြားသောအခါ ကျန်းရှုယောင်၏မျက်နှာ နီရဲသွား၏။

"မဟုတ်ပါဘူး... မဟုတ်ပါဘူးရှင်...ကျွန်မဒါကိုသူ့အတွက် စဥ်းစားခဲ့တာမဟုတ်ပါဘူး"

ကောချင်ရှုက ရှေ့သို့ ဆတ်ခနဲတိုးလာသည်။

"ဒါဆို လင်းမိသားစုဆိုင်မှာ ရောင်းမှာလား"

ထိုသို့ပြောပြီးနောက် လင်းမိသားစုသည် အစားအသောက်နှင့် စားသောက်ဆိုင်လုပ်ငန်းတွင် ပါဝင်ခဲ့ပုံမရသည်ကို သတိရပြီး အတော်လေး စိတ်ပျက်သွားသည်။

မထင်မှတ်ပဲ ကျန်းရှုယောင်ကဆို၏။

"ကျွန်မက စီးပွားရေးလမ်းပေါ်က လမ်းဘေးဆိုင်တစ်ဆိုင်မှာ ရောင်းဖို့စီစဉ်ထားတယ်...ဒါကြောင့် လမ်းပေါ်ရောက်တဲ့သူတွေလည်း အရသာရှိရှိ စားသုံးနိုင်မှာပါ... အစာခြောက်ကို စိမ်စားပြီး ဆာလောင်မှုကို သည်းခံဖို့ မလိုတော့ဘူး... ဒါပေမဲ့ ပါဝင်ပစ္စည်းတွေကို ပြောင်းလဲပစ်ရမှာ ဖြစ်ပြီးတော့ ကြက်သားကို အစားထိုးရမှာ... ဖြစ်နိုင်ရင် ဝက်သားပြားတွေသုံးပြီး မုန့်ဖုတ်တဲ့အခါ ထင်းချွေတာဖို့ မီးဖိုကြီးကြီး သုံးရလောက်တယ်ရယ်"

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now