ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1K 80 0
                                    

Chapter 66

ကြက်သွန်ဖြူဆော့စ်နှင့်အသားလွှာများ

ကျိုးရှီ  ပို၍ပင် စိတ်မသက်မသာဖြစ်ပြီး "အေးပါ...အေးပါ" ဟု ရေရွတ်လိုက်သည်။

စားပွဲပေါ်ရှိ ဟင်းပွဲများကို တစ်ချက်ကြည့်လိုက်သည်။ ဆန်ပြုတ်ဖြူဖြူအပြင် အရိုးအကြီးကြီးများနှင့် အသားလွှာနှစ်ပန်းကန်လည်း ပါသည်။ ပန်းကန်ပြားတစ်ချပ်ကို အရောင်အသွေးစုံသော ဆော့စ်စမ်းထားပြီး နောက်တစ်ခုက ရိုးရိုးဖြစ်ပြီး အပိုဟင်းခတ်အမွှေးအကြိုင်များ မပါရှိပါချေ။

ကျန်းရှုယောင်က သူမနှင့် ဆန့်ကျင်ဘက်တွင် ထိုင်ချလိုက်ပြီး ဆော့စ်မပါသော အသားလွှာ ပန်းကန်ပြားကို သူမရှေ့ တွန်းပို့ကာဆိုသည်။

"ဒီပန်းကန်ကို စား"

အသားလွှားများကို ပါးပါးလှီးထားပြီး အထူအပါးညီမျှကာ လေးထောင့်ပုံထပ်ကာ စက်ဝိုင်းပုံတစ်ခုပြီးတစ်ခု စီထားသဖြင့် ကြည့်ရသည်မှာ အလွန်သပ်ရပ်ပြီး မျက်စိအေးလှသည်။

အသားလွှာများက အဆီအသားမျှတသည်။ အသားအပိုင်းက ပန်းဖျော့ရောင်ဖြစ်ပြီး အဆီအပိုင်းက ကျောက်စိမ်းကဲ့သို့ ကြည်လင်သည်။ အောက်ခြေပိုင်းသည် အဝါဖျော့ဖျော့အရေရှိပြီး အရောင်အကူးအပြောင်းသည် တစ်ပြေးညီဖြစ်ပြီး ကြည့်ရအဆင်ပြေစေသည်။

ကျိုးရှီ ကြည့်ရ အလွန်မျက်စိအေးသော်လည်း အရောင်ဖျော့နေသည့် အသားများကို ကြည့်လိုက်ပြီးနောက်  ကျန်းရှုယောင်၏ အနီရောင်ဆီဆော့စ်ဖြင့်အသားလွှာပန်းကန်းကို ကြည့်ပြီး တံတွေးကို မျိုချလိုက်သည်။

သူမသည် မြောက်ပိုင်းတွင် ကြီးပြင်းလာသောကြောင့် မြို့တော်ရှိ ကြော့ရှင်းပြီး သန့်စင်သောမျိုးရိုးမြင့်များနှင့် ကွဲပြားသည်။ သူမသည် ထိုမကျက်တကျက်စွပ်ပြုတ်များကို မုန်းတီးပြီး အသားနှင့် ဘန်းမုန့်ခြောက်ကို မစားရသည်မှာ ကြာခဲ့ပြီဟု ခံစားရသည်။

သို့ရာတွင် သူမကနေမကောင်းဖြစ်နေပြီး အာဟာရဖြစ်စေမည့် ပေါ့ပေါ့ပါးပါးအစားအစာတွေကို စားသင့်သည်ဆိုသည်ကို သူမသိသည့်အတွက် ကျန်းရှုယောင်၏အစီအစဉ်ကို ဝန်လေးစွာလက်ခံခဲ့သည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းHikayelerin yaşadığı yer. Şimdi keşfedin