ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

959 77 0
                                    

Chapter 57

ကျောက်ကပ်မွှေကြော် နှင့် ကြက်သည်းကြက်မြစ်တုတ်ထိုးကင်

စားပွဲထိုးထွက်သွားသည်နှင့် တပြိုင်နက် ရှဲ့ရွှင်း  ပြန်လာပြီး လင်းချန်က သူနှင့်အတူ လိုက်လာခဲ့သည်။

ဝင်လာပြီးနောက် သူက စားပွဲကို တည့်တည့်စိုက်ကြည့်ရင်း သခင်မကြီးကို တလေးတစား အရိုအသေပေးသည်။

သူက လူအိုများကို ပျော်ရွှင်အောင် ပြုလုပ်လေ့ရှိသောကြောင့် သခင်မကြီးက သူ့ကို တွေ့ရသည်ကို ဝမ်းသာနေသည်။

လင်းချန် သခင်မကြီး၏ စကားကို ပြန်ဖြေရင်း စားပွဲပေါ်ရှိ ပန်းကန်ပြားများကို တစ်ချပ်ချင်း စိစစ်သည်။ ဒါ မဟုတ်ဘူး၊ဒါလည်းမဟုတ်ဘူး... ထို့နောက် သူ့အကြည့်တွေက ကောက်ညှင်းဖက်ထုပ်တွေပေါ်မှာကျသွား၏။

ဒါက အသစ်ဖြစ်ပုံရတယ်...

ရှဲ့ရွှင်း၏မျက်လုံးများက အမြင်စူးရှပြီး လင်းချန် ၏ စိတ်မပါလက်မပါဝတ်ကြေတမ်းကျေ အသွင်အပြင်ကို လျင်မြန်စွာသတိပြုမိပြီး ဇုံဇီ ကိုကြည့်နေသော သူ့မျက်လုံးများနောက်သို့ လိုက်သွားခဲ့သည်။

ဝိုး...

လင်းချန်က သူ့အမေကို အတော်လေး  စိတ်ပူနေသဖြင့် အမြန်ထမင်းစားရန်အစား သူနှင့်အတူ ဤသို့လိုက်လာကဲ့သည်ဟုသူထင်ထားခဲ့သည်။

သူက လျှောက်လာပြီး ကျန်းရှုယောင်ကိုမေးလိုက်၏။

"ဒါက ငါ့အတွက်လား"

"ဟုတ်တယ်"

ကျန်းရှုယောင်ကပြန်ဖြေသည်။

"ကျွန်မအတွက် တစ်ခုထားလိုက်... ကျန်လေးခုက ရှင်ပိုင်တယ်...အရင်က အများကြီးရှိခဲ့ပေမဲ့ ကောသခင်မလေးကို နည်းနည်း ပေးလိုက်တယ်... အဲဒါတွေပဲ ကျန်တော့တယ်"

ကျန်းရှုယောင်က ကောက်ညှင်းထည့်ဖက်ထုပ်တွေ ယူလာသည်။ မြို့စားရှဲ့အိမ်တော်မှလူများသည် စူးစမ်းချင်စိတ်နှင့် စားချင်သည့်တိုင် သူတို့ကို ယူရန် အလွန်ရှက်ရွံ့ကြသည်။ အဖြူရောင်ကြွေပန်းကန်ပြားပေါ်တွင် ဖက်ထုပ်ငါးခုပါရှိပြီး စိတ်ဝင်စားစရာကောင်းကာချိုမြိန်မည်ပုံပေါ်၏။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now