ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

829 67 5
                                    

Chapter 62

ပြန်ပေးဆွဲခံရ

"မြို့စားရှဲ့အိမ်တော်"

သူမက တုံ့ဆိုင်းနေသော်လည်း ကျန်းရှုယောင်၏ အသံက သူမနားထဲတွင် ထွက်ပေါ်လာသည်။

ရှဲ့ဖေး သူမ၏ ဝတ်ရုံလက်များကို အမြန်ဆွဲလိုက်သည်။

တစ်ဖက်ရှိ လူဆိုးဂိုဏ်းက ခေတ္တတိတ်ဆိတ်နေပြီး သူ့ဘေးကလူက ချက်ချင်းပြော၏။

"အကိုကြီး...အဲဒါ ဘယ်လိုအိမ်မျိုးလဲ...ဟိုမိန်းမက ကျုပ်တို့ ညီအစ်ကို သုံးယောက်ကို သတ်ထားတာ... ငါတို့ လွှတ်လို့မရဘူး“

ကျိုးရှီ အကြောင်း သတင်းကိုကြားတော့ ကျန်းရှုယောင် ရင်ဘက်တွေ တင်းကြပ်လာပြီး အသက်ရှုကြပ်သွားသည်။

ခေါင်းဆောင်ဓားပြက တခြားသူတွေလောက် ဒေါသထွက်မနေဘဲ သရော်လေသည်။

"မိန်းမတစ်ယောက်ကိုတောင် မနိုင်ဘူး...မင်းမှာ မျက်နှာရှိသေးလား"

သူ့ကို အနိုင်မယူနိုင်ဘူးလား...

ကျိုးရှီ ဘေးကင်းပုံရသည်။

ကျန်းရှုယောင် သက်ပြင်းတစ်ချက်ချလိုက်သည်။

"အကိုကြီး...သူတို့ နှစ်ယောက်ကကော...ကျုပ်တို့ ဆက်ပြီးအာရုံဆွဲဆောင်လို့မရတော့ဘူး"

သူတို့၏သတ်ပစ်ချင်စိတ်ကို ခံစားရပြီး ကျန်းရှုယောင် တစ်ကိုယ်လုံး တင်းမာသွားကာ ရုတ်တရတ်ပြောလိုက်၏။

"တကယ်တော့ ကျွန်မတို့က မြို့စားရှဲ့အိမ်တော်ရဲ့ မိသားစုဝင်တွေတောင်မှ မဟုတ်တာ"

ထိုလူက သူမကို မော့ကြည့်လာကာ မျက်လုံးများက လေးနက်သွားသည်။

ကျန်းရှုယောင်  တုန်ရီသွားပြီး အသံတုန်တုန်နှင့်ဆိုလိုက်၏။

"ကျွန်မ...ကျွန်မက နှိမ့်ကျတဲ့ ကိုယ်လုပ်တော်တစ်ယောက်ပါ"

ရှဲ့ဖေးက တုံ့ပြန်ခြင်းမရှိဘဲ သူမအား မျက်လုံးပြူးကျယ်စွာဖြင့် စိုက်ကြည့်နေသည်။

လူတိုင်း ထိတ်လန့်သွားကြသည်။

ထိုကဲ့သို့ ရုတ်တရက်စကားတစ်ခွန်းကြောင့် သူမ လေထုထဲက လူသတ်ရန် ရည်ရွယ်ချက်ကို  ရှင်းရှင်းလင်းလင်း ချိုးဖျက်ပစ်လိုက်သည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now