ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

727 62 0
                                    

Chapter 79

ဟော့ပေါ့ (2)၊

လူတွေအများကြီးရှိပြီး အချိန်ကတိုသည်။ ပွဲပြင်ဆင်ရန် အိမ်တော်က ပင်မမီးဖိုချောင်ကို ခိုင်းလိမ့်မည်ဖြစ်ပြီး ကျန်းရှီက ဟင်းတစ်ပွဲနှစ်ပွဲကို သာမန်ကာလျှံကာ ချက်ပြုတ်နေမည်ဟု သူခန့်မှန်းခဲ့သည်။သူတို့က သူမကိုမျက်နှာပေးရန်နှင် ဧည့်သည်များလျစ်လျူရှုရာမကျရန် ရှဲ့ရွှင်း၏စိတ်နှင့်လိုက်လျောညီထွေရှိသောဟင်းလျာများကိုသီးခြားစီမြည်းစမ်းကြလိမ့်မည်။

ဤအတွေးဖြင့် သူ ပွဲကြည့်ရင်း အစားအသောက်ကို စောင့်ဆိုင်းနေခဲ့သည်။

မမျှော်လင့်ဘဲ ဟင်းလျာများ ချက်ခြင်း၏ အရှိန်သည် သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွားကာ အစေခံများက သံအိုးသုံးလုံးနှင့် ရောက်လာကြသည်။

လူတိုင်း အံ့အားသင့်သွားကာ ဗလာကျင်းနေသော ထူးဆန်းသော အိုးတစ်လုံးကို စိုက်ကြည့်နေကြသည်။ ဒါဘာကိုဆိုလိုတာပါလိမ့်...

ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ခင် အစေခံများက ပန်းကန်ပြားတချို့ ယူလာပြန်သည်။ ဤတစ်ခေါက်တွင် လူတိုင်း၏လက်နှစ်ဖက်လုံးမှာ ပန်းကန်တွေသယ်လာ၏။

လူတိုင်း အနည်းငယ် အံ့သြသွားကြသည်။ မြို့စားရှဲ့အိမ်တော်မှာ အစားအသောက်တွေတည်ခင်းတာက ဒီလောက်မြန်သလား...

အစေခံများ ပန်းကန်တွေချသည့်အခါ အားလုံး ကြက်သေသေသွားကြသည်။

အစိမျးလားးး...

စားပွဲကိုကြည့်သောအခါ အစိမ်း၊ အဖြူ၊ အနီ၊ အဝါနှင့် အရောင်မျိုးစုံရှိသည်။ အသား နှင့် ဟင်းသီးဟင်းရွက်များ ပါ၀င်သည်။ ဟင်းလျာများ ပေါများသော်လည်း အားလုံး က ခြွင်းချက်မရှိ အစိမ်းလိုက် ဖြစ်သည်။

ဟင်းသီးဟင်းရွက်များတွင် ဂေါ်ဖီထုပ်၊ တို့ဟူး၊ မှို၊ဂလူတန် ၊ ကြာဆွယ်၊ ပင်လယ်ရေမှော် ၊ တို့ဟူး အစရှိသည်တို့ ပါဝင်သည်။ ပရိုတင်းများအတွက်မူ အသားလိပ်များ၊ အမဲသားလိပ်များ၊ စပ်သောအမဲသား၊ နံနံဘောလုံး၊ ငုံးဥ၊ မိုးခိုသား၊ ငါးအသားလွှာ စသဖြင့် ရှိသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now