ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1.1K 85 0
                                    

Chapter 18

တို့ဟူးပူတင်း

အချိုလား တစိမ့်စိမ့်အရသာလား အငြင်းပွားမှုသည် အကျော်ကြားဆုံး အွန်လိုင်းစစ်ပွဲများထဲမှ တစ်ခုဖြစ်သည်။ စားရေးသောက်ရေးကိစ္စမှာ အစားအသောက်သမားများက ဘယ်တော့မှ လက်လျှော့မှာမဟုတ်ပေ။ အချိုနှင့် တစိမ့်စိမ့်အဖွဲ့များသည့် နှစ်အတော်ကြာ တိုက်ပွဲဝင်ခဲ့ပြီး အဆုံးအဖြတ်မပေးနိုင်ခဲ့ပါချေ။

တစိမ့်စိမ့် တို့ဟူးပူတင်းကို ပါးပါးလှီးထားသောကြက်သွန်နှင့် မုန်ညင်းစိမ်းများဖြူးပြီး ၊ဆော့စ်အစပ်လေးစမ်း ၊ကြွပ်ကြွပ်ရွရွလေးပေါင်းထားသော မုန့်ညက်ချောင်းဖြင့် တည်ခင်းပါက လူအများကို "ဒီနေ့လည်း ကောင်းသောနေ့ပါပဲ" ဟူ ထင်ယောင်ထင်မှားဖြစ်စေလောက်လေသည်။

တို့ဟူးပူတင်းအချိုက အချိုကြိုက်သူများကို  ဆွဲဆောင်နိုင်ချေ ပိုများသည်။ ပျော့ပျောင်းသော တို့ဟူးပူတင်းပူပူကို သကြားဆော့စ်လေးစမ်းထားသည်က လန်းဆန်းသော ပဲရနံ့ဖြင့် ခံတွင်းထဲတွင် အရည်ပျော်သွားလိမ့်မည်ဖြစ်သည်။ ၎င်းကို အဓိက အစားအစာ သို့မဟုတ် အချိုပွဲအဖြစ် စားသုံးနိုင်သည်။

ယခုအချိန်တွင် ကြံချို၊ သဘာဝကုန်ကြမ်းများနှင့် ပြုလုပ်ထားသည့် သကြားညို ပေါ်လာပြီဖြစ်သည်။ 'Compendium of Materia Medica'တွင် သကြားညိုက "သဲကဲ့သို့ ပြန့်ကျဲနေကာ ကျောက်ကဲ့သို့ သိပ်သည်းသည်။ သကြားပွင့်များက သဘာဝအရ နွေးထွေးပြီး သရက်ရွက်ကို သက်သာစေပြီး အသည်းကို သက်သာစေသည်"ဟုတစ်ခါက မှတ်တမ်းတင်ထားသည်။ သူ့မှာ ဆေးဖက်ဝင်တန်ဖိုးရှိသည်။

ကျန်းရှုယောင်  နှစ်ခုစလုံးကို လုပ်ခဲ့ပြီး ဘယ်အရာက သခင်မကြီး၏အကြိုက်နှင့် ကိုက်ညီသည်ကို သိရန်သက်သက်ဖြစ်သည်။

သခင်မကြီးက  ရိုးရှင်းလွန်းသော နံနက်စာကိုစားခဲ့သည်။ သူမက တို့ဟူးပန်းကန်နှစ်လုံးကို မမြင်ဖူးသော်လည်း စားရခက်ပြီး အဆင်မပြေဟု ခံစားရသည်။

ရှုရှီ ကသခင်မကြီးအား မနက်စာကျွေးရန် ဘေးတွင်ရပ်နေကာ သဘာဝအတိုင်း သူမ တို့ဟူးပူတင်းအချိုကို ခိုးကြည့်နေသည်ကိုတစ်စုံတစ်ယောက်တွေ့သွားမည်ကို စိတ်ပူစရာမလိုပါချေ။  ဖြူဖွေး နူးညံ့ပြီး အိတုန်အိတုန်ဖြစ်နေသော တိုဟူးကို သကြားညိုဖြင့် အုပ်ထားသည်။ ပုံမှန်တိုဟူးထက် ချောမွေ့ပုံရပြီး ဘယ်လိုအရသာရှိလဲတော့ မသိ...

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now