chapter 126

727 69 1
                                    

Chapter 126
သိုးသားစွတ်ပြုတ်ထဲက မုန့်ပေါင်းအစအနများ

မြင်းပေါ်ရှိ ကျိုးရှီ၏ လှုပ်ရှားမှုသည် တောင့်တင်းသွားပြီး အချိန်အတော်ကြာအောင် အသံမထွက်။

ရှဲ့လန်က သစ်သားကိုင်းများပေါ်မှ နင်းလျှောက်လာပြီး တချွတ်ချွတ်အသံများဖြစ်ပေါ်စေသည်။

"တကယ်လား"

ကျိုးရှီက အသက်ပြင်းပြင်းရှူပြီး လှည့်ကာ "ရှင်နဲ့ဘာမှမဆိုင်ဘူး" ဟု ပြောလိုက်သည်။ သူမက သပ်သပ်ရပ်ရပ်လှည့်လိုက်ပြီး

"ကျွန်မ အဲဒါကို တွေးသည်ဖြစ်စေ၊မတွေးသည်ဖြစ်စေ... ခြားနားမှုတစ်ခုခုရှိလို့လား"

ရှဲ့လန် မြင်းရှေ့တွင် ရပ်ကာ သူမကို မော့ကြည့်ပြီဆိုလိုက်သည်။

"ဒီရက်ပိုင်း ကိုယ် အများကြီးစဉ်းစားနေခဲ့တယ်"

ကျိုးရှီ၏ မျက်လုံးများက စိတ်ဝင်စားနေခြင်းမရှိပေ။

ရှဲ့လန်၏ မျက်နှာပေါ်တွင် ခါးသီးမှု အနည်းငယ် ထွက်ပေါ်လာပြီး သူမ၏ ယခင်စကားများကိုပြန်ဖြေခဲ့သည်။

"ကွာခြားမှုရှိပါတယ်"

"လွန်ခဲ့တဲ့ ခုနစ်နှစ် မင်း ကိုယ့်ကိုလက်ထပ်ပြီးတဲ့နောက် မော့ပေမှာ မင်းပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုံးသွားခဲ့တယ်...ပေကျင်းကသခင်မတစ်ယောက်ဖြစ်အောင် မင်းသင်ယူခဲ့ပြီး မင်းနဲ့မတူတဲ့လူတစ်ယောက်ဖြစ်လာတယ်...မင်းဘာကြောင့်ပြောင်းလဲချင်ခဲ့တာလဲဆိုတာ ကိုယ်တစ်ခါမှမမေးခဲ့ဖူးဘူး...မင်းဘာကြောင့် ကိုယ်မော့ပေမှာ ပထမဆုံးတွေ့ဖူးတဲ့'မင်း'နဲ့မတူတော့တာလဲဆိုတာကို ကိုယ်တစ်ခါမှမတွေးဖူးဘူး...  မြင့်မြတ်တဲ့သခင်မတစ်ယောက်အတွက် ဓားနဲ့သိုင်းပညာကို လေ့ကျင့်တာက ယုတ္တိမတန်တာမို့ ပေကျင်းကိုဝင်ပြီးတဲ့နောက် မင်းပြောင်းလဲတာက ပုံမှန်ပဲလို့ကိုယ်ထင်ခဲ့ဖူးတယ်"

ကျန်းရှုယောင်နှင့် ရှဲ့ရွှင်းက သူတို့ဘာသူတို့ ရယ်မောနေကြသည်ကိုတွေးပြီး သူ ထပ်ပြောလိုက်၏။

"ဒါပေမဲ့ တစ်နေကုန် ချက်ပြုတ်တာကရော ကျိုးကြောင်းဆီလျော်သလား... အစားအသောက်ဆိုင်ဖွင့်တာနဲ့ လမ်းဘေးအစားအစာဈေးဖွင့်တာကရော ကျိုးကြောင်းဆီလျော်မှုရှိသလား"

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now