ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1K 90 0
                                    

Chapter 29

သစ်သီးသကြားလုံး

ရှဲ့ရွှင်း တူချောင်းများကို ကောက်ကိုင်လိုက်ပြီး လူတိုင်း၏အကြည့်အောက်တွင် ရေညှိထမင်းလိပ်တစ်ခုကို ယူလိုက်သည်။

ကြည်လင်သောဆန်လုံးဖြူဖြူကို ရေညှိများဖြင့် တင်းတင်းကျပ်ကျပ်ထုပ်ထားသည်။ နှမ်းဆီ၏မွှေးရနံ့က သင်းပျံ့နေသည်။ သခွားသီး၊ ကြက်ဥကြော်နှင့်ဂဏန်းအသားတွေကို အထဲမှာ ညှပ်ထည့်ထား၏။ အရောင်က တောက်ပပြီး လန်းဆန်းသော အနံ့ရှိသည်။

ရှဲ့ရွှင်း ထမင်းလူံးကို ပါးစပ်ထဲထည့်ကာ သေသေချာချာ အရသာခံလိုက်သည်။

ဆန်၏စေးကပ်မှုကို တိုးလာစေရန်အတွက် ကျန်းရှုယောင်က  ရေညှိထမင်းလိပ်ထဲသို့ ကောက်ညှင်းဆန်အနည်းငယ်ကို ထည့်ပေးခဲ့သည်။ နှပ်ထားပြီးနောက် စေးကပ်ကာ ဝါးရသည်။ အထဲက သခွားသီးကို ကိုက်ပြီးနောက် ကြွပ်ဆတ်ပြီး လန်းဆန်းသွား၏။ လတ်ဆတ်သော အသီးအရွက်ရနံ့ကို မွှေးကြိုင်သောကြက်ဥမွှေကြော်နှင့် ရောစပ်ထားသောကြောင့် လန်းဆန်းသော်လည်း မပျော့လွန်းပါချေ။

ရှဲ့ရွှင်း၏မျက်နှာတွင် ဘာအရိပ်အယောင်မှရှိမနေဘဲ နောက်ထပ်အခုရေ အချို့ သူ့ပါးစပ်ထဲသို့ ဝင်သွားသည်။ရေညှိက ပင်လယ်စာအရသာအပြည့်ဖြစ်သော်လည်း ထမင်း၏ကြာရှည်စွဲကျန်သောအရသာကြောင့် လျော့ပါးသွား၏။ ငန်ပြီး အရသာသင့်သည်။ အရသာကလေးပင်သော်လည်း အီမနေပေ။ အခုအနည်းငယ်က ပါးစပ်ထဲတွင် အရသာအနည်းငယ်သာ ချန်ထားခဲ့သည်။

သူဖြည်းညှင်းစွာစားနေသည်ကိုမြင်သောအခါ လင်းချန်က အလောတကြီးဆို၏။

"ငါ့မြည်းကြည့်ရအောင် တစ်ခုလောက်ပေးစမ်းပါကွာ"

ရှဲ့ရွှင်း၏ မျက်လုံးများက ထမင်းလိပ်များကို သိမ်းကျုံး ကြည့်ပြီး လျှင်မြန်စွာ ရေတွက်လိုက်သည်။ အမြောက်အမြားရှိနေသည်ကို မြင်လိုက်ရသောအခါ သူက သူ့တူတွေကို ချလိုက်ပြီး လင်းချန်ကို ပေးလိုက်၏။

လင်းချန် *စားပွဲတင်ဆော့စမ်းထားသော ထမင်းလုံးတစ်ခုကို ကောက်ယူလိုက်ပြီး ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ ထည့်လိုက်သည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းDonde viven las historias. Descúbrelo ahora