ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1K 96 0
                                    

Chapter 44

ရိုကျားမော့

ကိတ်မုန့် သို့မဟုတ် မုန့်များအကြောင်းပြောလျှင် ကျန်းရှုယောင်မှာ ရှန်းကျန်းပင်း (ပဲငံပြာရည်အရသာ ပန်ကိတ်များ)၊ကြက်သွန်မြိတ်ပန်ကိတ်များ၊အမဲသားဘီးစကွတ်များ၊ ကြက်သွန်မြိတ်အဆာသွပ်မုန့်များ ကဲ့သို့သော အမျိုးအစားများစွာကိုရှိနိုင်သည်။

သို့ရာတွင် ဘန်းမုန့်နှင့်ပတ်သက်ရင် သူမစိတ်ထဲမှာ ပထမဆုံးပေါ်လာသည်က ရိုကျားမော့ဖြစ်၏။

ရိုကျားမော့သည် ရှန်းရှီမှ အထူးစားဖွယ်တစ်မျိုးဖြစ်သော်လည်း ၎င်းကို နိုင်ငံတစ်ဝှမ်းရှိ စတိုးဆိုင်များတွင် ရောင်းချကြရသည်မှာ အလွန်အရသာရှိ၍ဖြစ်သည်။

Rou (အသား) Jia (ညှပ်ပေါင်မုန့်) Mo (ဘန်းမု့န် ) သည် အသားညှပ်ဘန်းမုန့်ဖြစ်သည်။ ဘန်းမုန့်သည် မွှေးကြိုင်သော အပြင်အလွှာနှင့် အတွင်းတွင် နူးညံ့ပွရွသော အဖြူရောင်ဘန်းမုန့်ကို ရည်ညွှန်းသည်။ ဝက်သားနှပ်၊ ဝက်ပေါင်ခြောက်၊ သိုးသား အစရှိသည်တို့ ပါဝင်သော အသားများကို နုတ်နုတ်စင်းကာ ဘန်းမုန့်ဖြူဖြူ အတွင်းတွင် ခေါက်ထည့်ထားခြင်းဖြစ်၏။

ကျန်းရှုယောင် ရှဲ့ရွှင်းအတွက် စမ်းသပ် ဟင်းလျာများ ချက်ပြုတ်ရန် အလျင်စလို မလုပ်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ  သူမက ချက်ပြုတ်ရသည်ကို နှစ်သက်ပေမဲ့ အလျင်လိုနေလျှင် ချမ်းမြေ့စေသည့် ခံစားချက်ကို ဆုံးရှုံးသွားပါလိမ့်မည်။

ထို့ကြောင့် နေ့လည်ခင်းနေရောင်ခြည်ကို အခွင့်ကောင်းယူပြီး ကျန်းရှုယောင် သူမ၏ မီးဖိုချောင်ငယ်ထဲသို့ ဝင်ကာ အသားများကို အရသာနှပ်ရန် မြေအိုးတစ်ခုတည်လိုက်သည်။

ကျပ်တိုက်ထားသော အသားနှင့် နှပ်ထားသော အသားများမှာ အနည်းငယ် ကွဲပြားသည်။ ဂျင်း၊ ကြက်သွန်နီနှင့် ဟင်းချက်ဝိုင် မထည့်ဘဲ ဝက်သားများကို လေးညှင်းပွင့်၊ ဖာလာစေ့၊ ဂျင်း၊ ငရုတ်ကောင်း၊ ရေခဲသစ်ကြံပိုးခေါက်၊ စမုန်နက် နှင့် အခြားသော တရုတ်ဆေးဖက်ဝင်အပင်များနှင့် ဟင်းခတ်အမွှေးအကြိုင်များဖြင့်သာ ရောမွှေရသည်။ ထို့နောက် အသားထဲသို့ တရုတ်ဆေးဖက်ဝင်အပင်များ၏ ရနံ့များ စိမ့်ဝင်သွားသည်အထိ မီးအေးအေးဖြင့်တည်ပြီး အခေါက်များ ပျော့သွားသည်အထိ နှပ်ရ၏။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းDonde viven las historias. Descúbrelo ahora