ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

909 78 0
                                    

Chapter 65

ဝမ်တန်ခေါက်ဆွဲ

"တစ်ခြားရှိသေးလား"

ပိုင်ကျီကဆိုသည်။

"ဒုတိယသခင်မက ဒေါသကြီးတယ်...အစေခံအနည်းငယ်ကပဲ အိမ်ထဲဝင်ပြီး အလုပ်အကျွေးပြုရဲတာ ... သခင်မက သူ့ဆီသွားလည်မှာလား"

ကျန်းရှုယောင်  နေကို မော့ကြည့်လိုက်ပြီး အချိန်ကို ခန့်မှန်းကာပြောလိုက်၏။

"သွားမှာ...ဒါပေမဲ့ လက်ဗလာနဲ့ သွားလို့မရဘူး"

"သခင်မ...ခန်းဝင်ပစ္စည်းထဲမှာ ရှားပါးတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ ရှိတယ်"

"တချို့လောက် သွားယူ"

ကျန်းရှုယောင် အမိန့်ပေးပြီးနောက် လှည့်၍ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။

ကျိုးရှီအတွက် နေ့လယ်စာ ချက်ပြုတ်ရန် သူမ စီစဉ်နေ၏။

စောသေးသဖြင့် အပြေးအလွှားလုပ်ပြီးနောက် နေ့လည်စာ မှီအောင် ချက်နိုင်ခဲ့သည်။ ကျိုးရှီအား ဆေးပစ္စည်းများနှင့် ကျေးဇူးတင်စကား ပေးပို့ရုံဖြင့်  သူမ၏ ကျေးဇူးတင်မှုကို မပြသနိုင်ပေ။ ချက်ပြုတ်သည်က မတူ၊ အနည်းဆုံး ကျိုးရှီအတွက် ဤသည်က သူမတွေးနိုင်သည့် အရိုးသားဆုံးအရာပါပင်။

ကျိုးရှီ၏  ဒဏ်ရာကြောင့် သူမ ပေါ့ပါးပြီး အရသာရှိသော အစားအစာများကို ချက်ချင်သည်။ ၎င်းကို တွေးပြီး ဝမ်တန်ခေါက်ဆွဲကို ရွေးလိုက်၏။

ဝမ်တန်ခေါက်ဆွဲကောင်းတစ်ပွဲဟူသည် ဝမ်တန်၊ လတ်ဆတ်သော ဟင်းရာ်နှင့်ကောင်းမွန်သောခေါက်ဆွဲများ ပေါင်းစပ်မှုကို အလေးပေးသည်။ အရသာရှိပြီး အရသာလည်း ကြွယ်ဝသည်။

လတ်ဆတ်သော ဟင်းရည် ၎င်း၏ ဆွဲဆောင်မှုရှိရာ နေရာဖြစ်သည်။ ငါး၊ ပုဇွန်ဥ၊ ဝက်အရိုး စသည်များကို မီးအေးအေးဖြင့် ပြုတ်ထားသောကြောင့် ဟင်းရည်က မွှေးပြီး ရှင်းလင်းပြတ်သားသောအရသာရှိ၏။

သုံးသည့်ခေါက်ဆွဲများက ရိုးရာခေါက်ဆွဲများမဟုတ်ပါချေ။ ဆုပ်နယ်ပြီး လှိမ့်မည့်အစား ဝါးတုတ်များဖြင့် ဖိထားသည်။ ခေါက်ဆွဲထဲကို ရေထည့်၍မရ၊ ကြက်ဥကိုပဲသုံးရသည်။ ဝါးခေါက်ဆွဲများသည် မွှေးရနံ့များ ကြွယ်ဝပြီး အသား ကြမ်းသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းDonde viven las historias. Descúbrelo ahora