ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1.6K 120 0
                                    

Chapter 6

မာပိုတို့ဟူး နှင့် ပြုတ်ထားသော ငါးအသားလွှာ

သူ ဤမျှလောက်အများကြီး မစားသည်မှာ နှစ်အတော်ကြာပြီဖြစ်၏။

သူ့ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ကျန်းရှုယောင်နှင့်သူ့တူလေးနှစ်ယောက်က လေးတိလေးကန်ဖြင့် အရိုးမပါသကဲ့သို့ ဘေးကို ပျင်းရိစွာမှီနေကြပြီဖြစ်သည်။

ငယ်ငယ်လေးကတည်းက ဗိုက်ပြည့်နေသည်ဟု ခံစားရသည်အထိပဲ စားခဲ့ပြီး ယခင်က ဤမျှလောက်ပြည့်အောင် မစားဖူးသည့်အတွက် ကိုယ့်ခန္ဓာကိုယ်ကို မနိုင်တော့သည့် ကျန်းရှုယောင်ကို သူ နားမလည်နိုင်ပေ။

ရှဲ့ရွှင်း မထိန်းနိုင်ဘဲ အပြစ်တင်ဆုံးမသည့်လေသံဖြင့်ပြောလိုက်မိ၏။

"မင်းထိုင်နေတဲ့ပုံစံက ဘယ်လိုကြီးလဲ"

ကျန်းရှုယောင်က သူ့အား မလှုပ်မယှက် စိုက်ကြည့်နေသည်။

ရှဲ့ရွှင်း: "..."

ခေါင်းကိုလှည့်၍ ကြည့်လိုက်သော်လည်း သူ့ဘေးနားတွင် လူငယ်တစ်ယောက်မျှ မတွေ့ရသဖြင့် အနည်းငယ် သက်သာရာရသွားသည်။

သက်ပြင်းချပြီးနောက်တွင် အနည်းငယ် အံ့သြသွားမိပြန်သည်။ ကျန်းရှုယောင်၏ အရိုးမပါသကဲ့သို့ ပျင်းရိနေသည့်အသွင်အပြင်ကို လူတစ်ယောက်မြင်မည်အား သူ အဘယ့်ကြောင့် စိုးရိမ်နေရသနည်း။ သူ သူမအစား ရှက်မိသည်။

ဤသည်ကို သူ လေးလေးနက်နက် မစဉ်းစားခဲ့ပေ။ ကျောပေါ်ရှိ ချေွးသီးလေးများက သူ့ကို အနည်းငယ် မူးဝေစေ၏။ဤမျှ ဝမ်းသာအားရ မစားခဲ့သည်မှာ ကြာခဲ့လေပြီ။

သူ ကျန်းရှုယောင်ကိုကြည့်ပြီး စကားပြောနေခြင်းကို ရပ်လိုက်သည်။

ရှုပ်ထွေးသော စိတ်ခံစားချက်များ ကျွမ်းထိုးမှောက်ခုံမလှုပ်ရှားလာမီ ကျန်းရှုယောင်က သူမ၏ ဗိုက္ကို ဆုပ်ကိုင်ကာ ညည်းလိုက်သည်။ရှဲ့ရွှင်း၏ စိတ်ခံစားချက်များ ချက်ချင်းပင် ကြေမွသွားကာ အေဝးကိုသာ တိုက်ရိုက်ကြည့်မိလိုက်တော့သည်။

"သူ့ကို ဟော်သွန်းလက်ဖက်ရည်တစ်ခွက် လုပ်ပေးလိုက်ပါ"

သူ ပိုင်ကျီကို ပြောလိုက်သည် ။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now