ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

969 84 0
                                    

Chapter 51

ဖက်ထုပ်ကြီး

နောက်တစ်နေ့တွင် ကျန်းရှုယောင် သခင်မကြီးအား ဂါရဝပြုပြီးနောက်  ရှို့နင်ခန်းမဆောင်မှ ထွက်ခွာသောအခါတွင် ရှုရှီက သူမကို တားလိုက်သည်။

"တတိယယောက်မ "

ရှုရှီက  ယခုနှစ်တွင် 32 နှစ်ရှိပြီဖြစ်သော်လည်း နှစ်များက သူမမျက်နှာပေါ်တွင် အမှတ်အသားများ မကျန်ခဲ့ပေ။

ရှုရှီဘက်ကနေ ကျန်းရှုယောင် နှင့် စကားပြောရန် အစပျိုးသည်က ရှားပါးသည်။ ကျန်းရှုယောင် အနည်းငယ် အံ့သြသွားပြီး  လမ်းလျှောက်ရပ်ကာ သူမကိုကြည့်လိုက်သည်။

ရှုရှီက  အမြဲတမ်းကဲ့သို့ပင် နူးညံ့စွာပြုံးပြီးဆို၏။ "တတိယယောက်မကို ငါတို့အိမ်ဝင်းကို စကားစမြည်ပြောဖို့ လာခိုင်းလို့ရမလား"

ကျန်းရှုယောင်  ခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။

အစေခံတစ်ယောက်က ကန့်လန်ကာကိုအပေါ်ဆွဲတင်ရင်း ကျိုးရှီ  ခန်းမထဲက ထွက်လာ၏။ နှစ်ယောက်ကြား စကားဝိုင်းကို နားထောင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ကျိုးရှီ၏ စိတ်နေစိတ်ထားသည် ရဲရင့်သော မျက်ခုံးမွှေး၊ ကြမ်းတမ်းပြီး ရိုးရှင်းသော သူမ၏အသွင်အပြင်နှင့် အလွန်လိုက်ဖက်သည်။ သို့သော် သူမအနေဖြင့်  အကျင့်သီလနှင့်ပြည့်စုံပြီးသိက္ခာရှိသောခြုံထည်ကို ဆင်မြန်းကာ ရှုရှီနှင့်တူအောင် ကြိုးစားရမည်ဖြစ်သည်။ ၎င်းကို ဖော်ပြသည့် စကားလုံးတစ်လုံးမှာ "ပြောပလောက်စရာမရှိသော"ဟူ၍ဖြစ်သည်။

"ပထမယောက်မ... တတိယယောက်မ"

သူမက မျက်ခုံးတစ်ချက်ပင့်လိုက်သည်။

"နင်တို့နှစ်ယောက်က ဘယ်အချိန်ကတည်းက ရင်းနှီးသွားတာလဲ"

ရှုရှီ၏အမူအရာက မပြောင်းလဲဘဲ နူးညံ့သိမ်မွေ့စွာနှင့်ပြန်ဖြေသည်။

"တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးဖို့ ကြိုးစားရမှာပေါ့"

ကျိုးရှီက မထီမဲ့မြင်ပြုကာ"ဟမ့်"ခနဲအသံပြု၍ ရယ်မောကာ ကျန်းရှုယောင်၏တည်ရှိမှူကို လျစ်လျူရှုပြီး တည့်တိုးဆို၏။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now