ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

954 74 5
                                    

Chapter 55

ဇုံဇီ

ကျန်းရှုယောင် လုံးလုံးသူစိမ်းတစ်ယောက်လိုဖြစ်နေသည့် လင်းရှီကြောင့်မှင်သက်သွားသည်။ သို့သော် လင်းရှီ  ပို၍နီးကပ်လာသောအခါ သူမ ရုတ်တရက်အသိဝင်လာသည်။ သူမက စားပွဲပေါ်ငွေအနည်းငယ်ကို အမြန်တင်လိုက်ပြီး ရှဲ့ရွှင်းကို အမြန်ဆွဲခေါ်သွားခဲ့၏။

ဆိုင်ဖွင့်ရန် စိတ်ကူးထားသည့် အကြောင်း သူမ လင်းရှီကိုပြောပြလိုက်စဥ်က  ဝမ်းနည်းကြေကွဲမှုတွေ ဖြစ်ခဲ့ရသည်။ သူမသမီးက နံစော်နေသော ယောက်ျားအစုအဝေးနှင့် ရောနှောစားသောက်နေပြီး ရှဲ့ရွှင်းကို သူမနှင့်အတူခေါ်လာသည်ကို မြင်သွားလျှင် လင်းရှီက သူမကို  ဓားဆွဲပြီး လိုက်လိမ့်မည်မဟုတ်ပါလော။

ရှဲ့ရွှင်းလည်း ဤအချက်ကို တွေးနေခဲ့သည်။ ယောက္ခမ၏ဒေါသကို ကြောက်ရွံ့သဖြင့် နှစ်ယောက်သား တိတ်တဆိတ် ထွက်ခွာသွားကြသည်။ လင်းရှီ၏မြင်ကွင်းထဲမှ လွတ်ကာရှိသေး တစ်ပုံတည်းခိုးကြောင်ခိုးဝှက်လုပ်နေသည့်လူတစ်စုနှင့် တိုးမိသွား၏။

စုရုံးကာ ရှဲ့ရွှင်းကို သတိထားပြီး ရှောင်ရှားခဲ့ကြသည့် လင်းချန်အပါအဝင် လုပ်ဖော်ကိုင်ဖက် ခုနစ်ဦးတို့: ...

ရှဲ့ရွှင်း   သူတို့ကို ဤနေရာမှာတွေ့ရန်မမျှော်လင့်ထားခဲ့ပေ။

"မင်းတို့ မြင်းစီးဖို့ မြို့ပြင်ကို မသွားဘူးလား...  ဘာလို့ ဆိပ်ကမ်းကို လာတာလဲ"

“အိုး…”

အားလုံးက ကြက်သေသေနေကြသည်။

"ပြီးတော့... အဝတ်အစားက ဘာဖြစ်နေတာလဲ " လူခုနစ်ဦးသည် ချည်သားပုံစံတူ ၀တ်စုံကို အမှန်တကယ် ၀တ်ဆင်ထားပြီး အရောင်လည်းတူသည်။ အရောင်တွေက သူတို့ကိုယ်သူတို့ချည်းဆို ထူးထူးခြားခြားမဟုတ်ပေမဲ လမ်းပေါ်မှာ အမွှာခုနစ်ယောက်လို ရှည်လျားသည့် မျဉ်းတစ်ကြောင်းဖွဲ့လိုက်သည့်အခါ မထင်မရှားဖြစ်ရမည့်အရာဖြစ်သော်ငြား ပေါ်လွင်ထင်ရှားလာခဲ့၏။

လင်းချန် သူ့လည်ချောင်းထဲမှာ သွေးဟောင်းတွေကို မျိုချလိုက်သလို ခံစားရသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းDonde viven las historias. Descúbrelo ahora