ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

970 75 1
                                    

Chapter 105

ထမင်းဆမ်းဆော့စ်များ

နောက်တစ်နေ့တွင် ရှဲ့ရွှင်း ခါတိုင်းကဲ့သို့ သူ၏နေ့လည်စာဘူးကို ယူဆောင်သွားကာ နေ့လယ်စာစားချိန်ရောက်သောအခါတွင် စိတ်မငြိမ်မသက်စွာ စားသောက်ခဲ့သည်။

ယခုလို အသွင်အပြင်က လုပ်ဖော်ကိုင်ဖက်တွေကို ခဏတာနှစ်ထောင်းအားရဖြစ်စေခဲ့၏။ ယခင်က ရှဲ့ရွင်းက အလွန်စားချင်စိတ်ရှိ၍ စောင့်ကြည့်ရုံသာရှိသည်။ သို့ပေမဲ့ ယခု ပေကျင်းကနေ အလုပ်ကိစ္စနှင့်ထွက်သွားသည်အခါ အားလုံး အတူတူ မုန့်ပေါင်းပဲ စားကြရတော့မည်။

မနက်ဖြန်ထွက်မည်ဖြစ်၍ လူတိုင်းက အလုပ်ကို စောစောပြီး အပြီးသတ်နိုင်သည်။

ရှဲ့ရွှင်း ကျန်းရှုယောင်နှင့် ခဏလောက်နေချင်သော်လည်း ခြံထဲသို့ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သင်းပျံ့သောရနံ့ကို ရှိုက်လိုက်မိသည်။

လင်းမိသားစု၏စျေးအတွက် အသစ်အဆန်းတစ်ခုခုကို ကြိုးစားနေသည်ဟု သူထင်လိုက်သည်။

ရှဲ့ရွင်း မီးဖိုချောင်ငယ်လေးထဲသို့ လှမ်းဝင်ကာ တံခါးဘေးတွင် ရပ်ပြီး သူမဟင်းချက်သည်ကို ကြည့်နေသည်။

ကျန်းရှုယောင် လှုပ်ရှားသံကိုကြားပြီး သူမ လှည့်ကြည့်လိုက်သောအထာ ရှဲ့ရွင်း  ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ အနည်းငယ် အံ့သြသွားကာဆိုလိုက်၏။

"ဒီနေ့ စောစောပြန်လာတာလား"

"ဟုတ်တယ်...မနက်ဖြန်ထွက်ဖို့ ငါ့ရဲ့အားအင်ကို ထိန်းထားဖို့ စောစောပြန်လာရမယ်"

ကျန်းရှုယောင်က ခေါင်းညိတ်ပြီး

"မနေ့က ရှင့်ကိုမေးဖို့ မေ့သွားလို့ ရှင်အဲဒီမှာ ဘာစားလေ့ရှိလဲ"

မြစ်ကြောင်းတာတမံများကို စစ်ဆေးခြင်းသည် အလုပ်ကိစ္စဖြစ်ပြီး ဤကိစ္စသည် အလွန်အရေးကြီးသည်။ အစားအသောက်ကို ဘယ်သူမှ ဂရုမစိုက်ပေ။ အများစုမှာ ရိက္ခာတစ်ခုမျှသာဖြစ်သည်။ အခြေအနေမကောင်းလျှင် တစ်နေ့လုံး အစားမစားရပေ။ အများအားဖြင့် သူတို့ကိုယ်တိုင်က မုန့်တချို့ သယ်လာကြသည်။ထိုသို့မဟုတ်လျှင် ဒေသဆိုင်ရာ အရာရှိတွေဆီ လာပို့မည့် မုန့်တောင်းကို စောင့်ဆိုင်းလေ့ရှိ၏။ တိုတိုပြောရလျှင်ဖြင့် ကောင်းကောင်းစားရန် မဖြစ်နိုင်ပါချေ။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းDonde viven las historias. Descúbrelo ahora