Chapter 84
ဝက်အူချောင်း၊ အရွတ်နှင့် တို့ဟူးအရေခွံ
ယနေ့တွင် သူ၏သားအကြီးဆုံးနှင့် ဒုတိယသား အိမ်တော်သို့ပြန်လာသောကြောင့် ရှဲ့လီ တာဝန်ပြီးဆုံးသည်နှင့် ခြံဝင်းသို့ ပြန်သွားခဲ့သည်။ သို့သော် ခြံထဲတွင် ဇနီးနှင့် သားငယ်နှစ်ယောက် မတွေ့ပေ။ အစေခံကို မေးသည့်အခါ သားကြီးနှစ်ယောက်ပါ မရှိကြောင်းသိလိုက်ရကာ သူတို့အားလုံး တတိယအိမ်တော်ခွဲကို သွားကြ၏။
ထို့ကြောင့် ဤကိစ္စသည် ထူးဆန်းသည်။
ရှဲ့လီသည် သူ၏တတိယခယ်မ အစားအစာအသစ်ကို ထပ်မံချက်ပြုတ်နေပြီဖြစ်ကြောင်း ကျိုးကြောင်းဆီလျော်စွာ ခန့်မှန်းခဲ့သည်။ အရင်တုန်းက သူမက တစ်ခုခုချက်ပြုတ်သည့်အခါပထမအိမ်တော်ခွဲကို အရသာမြည်းရအောင် တချို့ပေးတတ်၏။
ထပ်ပြီး မြည်းစမ်းကြည့်ဖို့ လူတွေကို လိုအပ်နေတာများလား...
ရှဲ့လီက လင်းမိသားစု၏ အစားအသောက်လုပ်ငန်းအကြောင်း သိပြီး ကျန်းရှုယောင်က ဟင်းချက်နည်းအသစ်ကို လေ့လာပြီးနောက် အရသာစမ်းသပ်ရန် တစ်စုံတစ်ဦးကို ရှာဖွေမည်ကိုလည်း သိသည်။ သူ အပြင်ပန်းမှာ တွေးလိုက်သည်– မိသားစုဝင်တစ်ယောက်အနေနှင့် သူ့ခယ်မငယ်ကို ထုတ်ကုန်အသစ်များမြည်းစမ်းကြည့်ရန် ကူညီပေးသင့်သည် ... သို့သော် အတွင်းစိတ်ကမူ သူတွေးသည်ကား– ဝါးဟားဟား
ရှဲ့လီသည် ညစာစားရန် မျှော်လင့်ကာ တတိယအိမ်တော်ခွဲသို့ ပြေးသွားခဲ့သည်။ စိတ်လောနေ သောမျက်နှာ၊ အလျင်လိုသော ခြေလှမ်းများနှင့်အတူ သူတစ်ယောက် လက်စားချေရန် ရှာဖွေနေပုံရသည်။ လမ်းမပေါ်ရှိ အစေခံမျာ ခေါင်းငုံ့ကာ တရားရုံးချုပ်၏ ကျော်ကြားသော သေမင်းနတ်ဘုရား၏ ဒေါသ ပက်ဖျန်းခြင်းခံရမည်ကို စိုးရိမ်သောကြောင့် သူ့ကို ရှောင်ကြသည်။
ရှဲ့လီ တတိယအိမ်တော်ခွဲသို့ အလျင်အမြန် ပြေးသွားသော်လည်း ၎င်းတို့အားလုံး ထွက်လာသည်ကို မြင်လိုက်ရသဖြင့် သူ့နှလုံးသားတစ်ခုလုံးသည် အပ်ဖြင့်အထိုးခံရသော မီးပုံးပျံတစ်ခုလိုပါပင်။ သူ ချက်ချင်း စိတ်ဓာတ်ကျသွားသည်။
DU LIEST GERADE
ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း
SachbücherNew Normal တစ်ပတ် သုံးပိုင်း update ပါမယ်ရှင် .. Normal novel page မွာ ဒီနေ့ပဲစဖတ်လို့ရပါပြီ Title - Ancient Foodeie Survival Guide Description ကျန်းရှုယောင်တစ်ယောက် ဝိညာဉ်ကူးပြောင်းကာ ဟိတ်ဟန်များသည့် ပုံစံနှင့် ကြိုးတိုးကြောင်တောင် ဝတ်စားဆင်ယင...