Chapter 22
ပြဿနာရှာသည့်ယောက်မ
ကျန်းရှုယောင် သူမရှေ့တွင် စိုးရိမ်တကြီးဖြစ်နေသော ကလေးမလေးကို ကြည့်ပြီး အကူအညီမဲ့သလို ခံစားလိုက်ရသည်။တို့ဟူးက အဲ့လောက်လည်းနံစော်မနေပါဘူးနော်... ဒူးရင်းဆိုလျှင် သူမ အနည်းငယ် နားလည်နိုင်ဦးမည်။
"မညစ်ပတ်ပါဘူး...အနံ့က ထူးဆန်းရုံပါ...ဒါပေမဲ့ အရသာရှိတယ်"
သူမက ပြောပြီး ရှဲ့ယောင်ကိုက်ထားသော တိုဟူးပုတ်ကို သူမပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
"ကြည့်...တကယ်စားလို့ရတယ်"
ရှဲ့ဖေး ကျန်းရှုယောင်က မီးခိုးမည်းရောင် နံစော်နေသော တိုဟူးကို စားသည်ကိုကြည့်ပြီး သူမလည်း ကိုက်လိုက်သကဲ့သို့ ပါးစပ်ထဲတွင် အနံ့များထွက်လာသလိုခံစားလိုက်ရကာ သူမ၏အမူအရာမှာ အလွန်ဆိုးရွားနေသည်။
"အားယောင်က ငယ်ငယ်ကတည်းက အရမ်းချူချာပြီးကျန်းမာရေးမကောင်းဘူး... သူ့ပါးစပ်ထဲကို ထည့်တဲ့ အစားအစာတွေကို သေသေချာချာ ပြင်ဆင်ရတယ်... နင်စားနိုင်တာနဲ့ပဲ အားယောင်ကို ပေါ့ပေါ့တန်တန် ဘယ်လိုလုပ် ပေးလို့ဖြစ်မလဲ"
ကျန်းရှုယောင်က ရှဲ့ယောင်ကို အများကြီး စားခိုင်းရန် မရည်ရွယ်ထားပေ။ မည်သို့ပင်ဖြစ်စေ ယင်းက ကြော်ထားခြင်းဖြစ်၍ သူ့ဗိုက်က မခံနိုင်မှာကိုလည်း ကြောက်မိသည်။
သူမကရှင်းပြလိုက်၏။
"ငါ သူ့ကို သရေစာအဖြစ် တစ်ခုပဲမြည်းခိုင်းခဲ့တာပါ"
သူမ ပန်းကန်ကို ချလိုက်ပြီး ရှဲ့ဖေး၏ "ကြက်ပေါက်လေးများကို စောင့်ကြပ်နေသော ကြက်မကြီး" အမူအရာနှင့် ရင်ဆိုင်ရသည်မှာ အလွန်ပင် မတရားစွပ်စွဲခံရသလို ခံစားရသည်။
"ကလေးက လောဘရှိပြီး စားချင်စိတ်လည်း များလာတဲ့အရွယ်လေ... သူ့မှာ အစာစားချင်စိတ်နည်းတာက သက်သတ်လွတ် အစားအသောက်မှာ အသစ်အဆန်းတွေ မရှိတာနဲ့ ပတ်သက်ကောင်းပတ်သတ်နိုင်တယ်... သူ့ကို ကြည့်လိုက်... သူက များသောအားဖြင့် မစားချင်ဘူး... နွားနို့ကိုတစ်ငုံနှစ်ငုံလောက်သောက်ပြီးရင် မသောက်ချင်တော့ပေမဲ့ ငါ သူ့အတွက်လုပ်ထားတဲ့ နှစ်လွှာ နို့ပူတင်းကို သူအရမ်းကြိုက်တယ်... စကားမစပ် ကိတ်မုန့်နည်းနည်းလည်း စားနိုင်တယ်"
YOU ARE READING
ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း
Non-FictionNew Normal တစ်ပတ် သုံးပိုင်း update ပါမယ်ရှင် .. Normal novel page မွာ ဒီနေ့ပဲစဖတ်လို့ရပါပြီ Title - Ancient Foodeie Survival Guide Description ကျန်းရှုယောင်တစ်ယောက် ဝိညာဉ်ကူးပြောင်းကာ ဟိတ်ဟန်များသည့် ပုံစံနှင့် ကြိုးတိုးကြောင်တောင် ဝတ်စားဆင်ယင...