ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

956 80 0
                                    

Chapter 125
Sue Xing NwayJune 13, 2023
Chapter 125

ထမင်းကျည်တောက်





ရှဲ့ရွှင်း ယခုလိုဖြစ်လာမည်ဟု မမျှော်လင့်ထားပါချေ။ကျန်းရှုယောင်က​ ကြက်တောင်ပံတစ်ဇလုံယူပြီး ဆုလာဘ်များစွာဖြင့် ပြန်လာခဲ့သည်။

သူက ကျန်းရှုယောင်၏ နှိမ့်ချသောပုံစံကို ကြည့်ပြီး ခဏလောက်စဉ်းစားလိုက်၏။

"မင်းဧကရာဇ်ကို ဟင်းချက်နည်းဆက်သခဲ့တာလား"

ကျန်းရှုယောင်က သူမ၏သေတ္တာများနှင့် ဗီဒိုများအတွင်း တစ်ခုခုကို ရှာဖွေနေသော်လည်း ၎င်းကိုကြားသောအခါ ခေါင်းမော့၍ဖြေသည်။

"မဟုတ်ဘူး...ကျွန်မ ဧကရာဇ်အတွက် တစ်နပ်ပဲ ချက်ပေးခဲ့တာ...ဧကရာဇ်က စိတ်ကောင်းဝင်နေတဲ့အတွက် တော်ဝင် ကိုယ်လုပ်တော်လင်းက ကျွန်မအတွက် ဆုလာဘ်တချို့ပေးခဲ့တယ်"

ရှဲ့ရွှင်းသည် ကျန်းရှုယောင်၏ ဟင်းချက်နည်းများကို အနာဂတ်တွင် အိမ်ရှေ့စံအား ပေးသင့်သည်ဟု မူလက ထင်ခဲ့သော်လည်း ထိုအကြောင်းကို တွေးသောအခါ မင်းသားက နန်းမတက်မီ အချိန်အနည်းငယ်ကြာဦးမည်။ ထို့အပြင် အိမ်ရှေ့စံက ဟင်းချက်နည်းများ ပေးဆောင်ရန် မလိုအပ်ဘဲ သူမကို ပံ့ပိုးပေးမည်ဖြစ်သည်။ သံပူနေချိန်တွင် ချက်ပြုတ်နည်းများကို ဧကရာဇ်ထံ တင်ပြသင့်သည်။

"ဧကရာဇ်ကို ဟင်းချက်နည်းတွေ ဆက်သဖို့ စဉ်းစားဖူးလား"

ရှဲ့ရွှင်းက မေးသည်။

ကျန်းရှုယောင် သူမ၏ဟင်းချက်နည်းတွေကို အလွန် ကောင်းသည်ဟုမထင်ခဲ့ပါချေ။ သံနှင့်သံမဏိပြုလုပ်နည်းများမဟုတ်ဘဲ အစားအသောက်ချက်ပြုတ်နည်းများသာဖြစ်သည်။ ဧကရာဇ်က ဘယ်မှာ လိုအပ်မလဲ...

ရှဲ့ရွှင်း သူမ၏အတွေးအမြင်ကို နားလည်ပြီး သူမအားသေချာရှင်းပြလိုက်၏။

"တခြားဘာမှ မပြောနဲ့...ထမင်းဆမ်းဆော့စ်ကိုပဲပြောရအောင်... ထမင်းနဲ့ တွဲစားရင် အသီးအရွက်ဖြစ်ဖြစ် အသားဟင်းနဲ့ဖြစ်ဖြစ် စားလို့ကောင်းတယ်...တပ်သားတွေက စစ်ချီတဲ့အခါ ခက်ခဲကြမ်းတမ်းတယ်... ဆော့စ်တစ်ပုလင်းနဲ့ အစာခြောက်တွေရရင် အရမ်းပျော်သွားလိမ့်မယ်...ဒါ့အပြင် ပြီးခဲ့တဲ့ တစ်ခေါက်က မင်းလုပ်ခဲ့တဲ့ အသားညှပ်ပေါင်မုန့်ကို သေသေချာချာ အလုံပိတ်ထားရင် သုံးရက်လောက်ကြာတဲ့အထိ နူးညံ့ပြီး မွှေးနေဦးမယ်လို့ အာမခံနိုင်တယ်...အဲဒါတွေအကုန်လုံးက မုန့်ခြောက်တွေထက် မျိုချရတာ ပိုလွယ်တယ်...အသင့်စားခေါက်ဆွဲခြောက်တွေဆို မပြောနဲ့တော့... ဒီဟာသာ တနိုင်ငံလုံးမှာ ပြန့်နှံ့နေနိုင်ရင် စစ်ချီတက်တာပဲဖြစ်ဖြစ်၊ ဆွေမျိုးတွေဆီ လာလည်တာပဲဖြစ်ဖြစ် စီးပွားရေးလုပ်နေရင်ဖြစ်ဖြစ် အခုကနေစပြီး  လမ်းမှာ အစားအသောက် ပူပူနွေးနွေးစားနိုင်လိမ့်မယ်"

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now