chapter 129

638 70 0
                                    

Chapter 129

အရှိန်တင်ပြီး သွက်သွက်လက်လက်တိုးဝင်သွားချိန်မှာ အလယ်ကိုရောက်သည်နှင့် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်၏ ငိုသံကြားလိုက်ရသည်။

"မင်းတို့ အရမ်းအနိုင်ကျင့်တယ်... မြို့နယ် စာမေးပွဲမှာ လူတိုင်းက ဘန်းမုန့်စားနေကြတာ၊ မင်းတို့နှစ်ယောက်ပဲ ခေါက်ဆွဲပြုတ်စားနေတာ...ငါက အရမ်းဗိုက်ဆာနေတာ...မေးခွန်းတွေဖြေဖို့ ဘယ်လိုအာရုံစိုက်နိုင်မှာလဲ"

"မင်း ငါတို့ကို အပြစ်တင်လို့ မရဘူး"

ရှဲ့ရယ်၏အသံ ထွက်ပေါ်လာသည်။

"ဒါ့အပြင် အလောင်းအစားလုပ်ချင်တဲ့သူက မင်းပဲ... ငါတို့က သဘောတူလိုက်တယ်...မင်းကတခြားဘာလိုချင်နေတာလဲ"

ငိုနေသည့်အသံက အနည်းငယ်ပိုကျယ်လာပြီး
"ငါရှုံးတယ်ကွာ... ငါက စာကျက်တာတင်မကဘူး၊ ရန်ဖြစ်တာပါ မင်းတို့ကိုရှုံးခဲ့တယ်...ဝူးဝူးဝူးဝူး...မင်းတို့ အရမ်းများတယ်"

ကျိုးရှီ  သူမရှေ့မှ "ပြဿနာကောင်"ကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

တစ်ဖက်လူက ငိုနေသဖြင့် ရှဲ့ဟောင် စိတ်မသက်မသာနှင့် ပြောလိုက်၏။

"မင်းက မင်းရဲ့ ကျောင်းစာတော်တာကို အားကိုးပြီး အကယ်ဒမီမှာ တနေကုန် ဂဏန်းသွားသွားတယ်... ငါတို့ ညီအစ်ကိုတွေက မင်းကို ဒေါသထွက်နေတာ နှစ်အတော်ကြာပေမဲ့ ဘာမှ မပြောကြဘူး... ကိုယ့်ကိုယ်ကိုယ် လောဘကြီးပြီး စာမေးပွဲကို ကောင်းကောင်းမဖြေနိုင်ခဲ့တာ... မင်းအဆင့်ကျတာကို မင်းက ငါတို့ကို အပြစ်တင်နေသေးတယ်...နောက်ပြီး ငါတို့ စာမေးပွဲမအောင်နိုင်ဘူးပေါ့.. ငါတို့က မင်းကို လုယက်သလိုမျိုး မင်းဘယ်လိုပြောနိုင်တာလဲ"

တဖက်လူက အသက်ရှူမှားအောင်ငိုနေသည်။

"ဝူးဝူးဝူးဝူး... မင်းတို့က ငါ့အဆင့်ကိုအလစ်သုတ်ရုံတင်မကဘူး...ငါ့ကိုလည်း စားခွင့်မပြုဘူး"

ရှဲ့ရယ်က "မင်းကို ဘယ်သူက မစားခိုင်းမှာလဲ... ဒီမှာ စား" ဟု ရေရွတ်လိုက်သည်။သူက  ငိုနေသောကောင်လေး၏ရှေ့သို့ သူ့ပန်းကန်ပြားကိုတွန်းပြီး ခြိမ်း​ခြောက်လိုက်၏။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now