ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1K 95 0
                                    

Chapter 27

ဝမ်တန်

ရှဲ့ရွှင်း အိမ်တော်သို့ပြန်လာပြီးနောက်တွင် ခဏလေးပင်မနေဘဲ သူ့သူငယ်ချင်းများနှင့် အရက်သောက်ရန် အပြင်ထွက်သွားခဲ့သည်။ မှောင်သည်အထိ ပြန်မလာခဲ့ပေ။

သူစိတ်ဆိုးလွန်း၍ အရက်ကို ဗိုက်မပြည့်မချင်း ထပ်သောက်ခဲ့၏။ ခြံဝင်းထဲပြန်ရောက်သောအခါ လူတွေကို ရေသွားယူခိုင်းပြီးရေချိုး

လိုက်သည်။။၎င်းနောက်မှာ သူ့ခန္ဓာကိုယ်က တော်တော်ကို လန်းဆန်းလာပြီး အရက်နံ့လည်း ပျောက်သွား၏။

ယနေ့တွင် သူ အရက်ပဲသောက်ထပြီး အစာမစားထားသောကြောင့် ယခုအခါ ဗိုက်ကဟာလာဟင်းလင်းဖြစ်နေသည်။

နွေဦးညနှောင်းပိုင်းတွင် အနည်းငယ်အေးစက်နေ

ဆဲဖြစ်၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရေငွေ့များက လေနှင့်ဆုံကာ ချက်ချင်းပင် အရက်မူးပြေသွားခဲ့သည်။

ရှဲ့ရွှင်း ဘယ်သူ့ကိုမှ မခေါ်တော့ဘဲ မီးဖိုချောင်ထဲမှာ ဟင်းရည်ရှိနေသေးလျှင် အဆာပြေ တစ်ပန်းကန်လောက်ယူမည်ဟု တွေးပြီး မီးပုံးနှင့် ခြံထဲကနေ ထွက်လာခဲ့၏။

လတံခါးဆီသို့ သူလျှောက်သွားသည်နှင့်  ကျန်းရှုယောင်နှင့်တိုးမိသွားသည် ။

သူ့ဆံပင်တွေကို လျော့တိလျော့ရဲ  ချည်နှောင်ထားပြီး သူ့ခန္ဓာကိုယ်မှာ အစိုဓာတ် အလွှာပါးလေး လွှမ်းနေ၏။ သူ့အမူအရာက ခါတိုင်းလို တောင့်တောင့်တင်းတင်းဖြစ်မနေပေ။ သူ့မျက်လုံးများက အိပ်ယာနိုးကာစကြောင်တစ်ကောင်လို နူးညံ့နေသည်။

ကျန်းရှုယောင် သူ့ကို ဤကဲ့သို့ မြင်ရခဲပြီး သူမ၏ နှလုံးသားထဲရှိ ရှက်ရွံ့မှုကို မေ့လျော့သွားသည်။ သူမ ပြုံးပြီး “သောက်လာတာလား”ဟု မေးလိုက်၏။

ရှဲ့ရွှင်းက အနည်းငယ် တုံ့ပြန်ကာ မျက်တောင်ခတ်ပြီး "အင်း” ဟုဖြည်းညှင်းစွာ ခေါင်းညိတ်သည်။

ကျန်းရှုယောင် အနည်းငယ် အူလည်လည်လေးဖြစ်နေသော သူ့ကို ရှင်းမပြနိုင်အောင် အလွန်နှစ်သက်သည်။ နူးညံ့သောနှလုံးသားဖြင့် သူမက "အမူးပြေဟင်းရည်သောက်ချင်လား" ဟုမေးလိုက် သည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းTempat cerita menjadi hidup. Temukan sekarang