ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1K 86 1
                                    

Chapter 48

အဝါရောင်ကြက်သားနှပ်ထမင်း

ထိုသို့ အရသာရှိသည့်ဝက်သားကို တူနှင့် ညင်ညင်သာသာ ကိုင်တွယ်ရမှာ ဖြစ်ပြီး စားသည့်အခါမှာလည်း ကိုက်၍မရပါချေ။

ဝက်သားစတူးနှစ်တုံးကို စားပြီးသောအခါ ရှဲ့ရွှင်း  ထမင်းဖြူပေါ်တွင် ဆော့စ်တစ်ဇွန်းစမ်းရန် ကျန်းရှုယောင် ထံမှ သင်ယူခဲ့သည်။ သူ နည်းနည်းမွှေလိုက်၏။ ဆော့စ် အညိုရောင်ဖြစ်ကာ ပျစ်ပြီး မွှေးသည်။ ထမင်းဖြူနှင့် ရောမွှေပြီးနောက် ဆန်လုံးများပေါ်တွင် ဆီပြန်ကာပြောင်လက်နေသော ဆော့စ်တို့က အညီအမျှ ဖုံးအုပ်ထားသည်။

ဝက်ဗိုက်သား၏အသားရနံ့သည် ပြင်းထန်သော အဆီများအသားရနံ့ဖြင့်ဆော့စ်ထဲသို့ လုံး၀ပေါင်းစပ်ထားသည်။ သို့တိုင် အရသာရှိပြီး လိုက်ဖက်ညီသည်၊ ချိုသော်လည်း မအီ၊ ဆော့စ်က ဆန်လုံများတွင် ကပ်နေပြီး ဆန်လုံးတစ်ခုစီက ချိုပြီးလေးသွားသည်။

ဤအရသာက ထမင်းဖြူပန်းကန်လုံးကြီးတစ်လုံးကိုယူပြီး ဆော့စ်ပျစ်ပျစ်ပေါ် လောင်းထည့်ကာ မွှေမွှေ၍ အားလုံးကိုစားရန် မစောင့်နိုင်တော့အောင်ဖြစ်စေ၏။

ရှဲ့ရွှင်းကအံ့သြစွာပြောသည်။

"ဝက်သားက ဒီလိုအရသာမျိုး လုပ်နိုင်တယ်ပေါ့"

"ဒီအသားကို အထင်မသေးနဲ့...ကျွန်မမှာ စဉ်းစားထားတာတွေ အများကြီးရှိတယ်"

ရှဲ့ရွှင်း  ယနေ့က သူမအတွက် လှုံ့ဆော်မှုဖြစ်သွားသည် ထင်ပြီးပြောလိုက်၏။

"ဒီလို အစားအသောက်မျိုးက စားသောက်ဆိုင်တွေအတွက် မသင့်တော်ဘူး"

ကျန်းရှုယောင်က ခေါင်းခါလိုက်ပြီး

"မဟုတ်ဘူး... ဝက်သားစတူးက ပိုသင့်တော်တယ်... ဆန်ကြမ်းပန်းကန်လုံးကြီးတစ်လုံး၊ ဝက်သားစတူးနဲ့ ဆော့စ်၊ ဟင်းသီးဟင်းရွက်စိမ်းတွေနဲ့ ရောထားတဲ့ ကြက်ဥ... အဲဒါက ဆာလောင်မှုကို သက်သာစေတယ်"

ရှဲ့ရွှင်က  ခေါင်းညိတ်လိုက်ပြီး  ကျန်းရှုယောင်အား အိုးထဲကကျန်သည်ကို လင်းရှီ ဆီကို အရသာမြည်းရအောင်  ပို့ခိုင်း၏။ သူမရှေ့က ဤဝက်သားပန်းကန်ပြားဖြင့် လင်းရှီ စားသောက်ဆိုင်ဖွင့်ရန် မစဉ်းစားဟု သူ မယုံပေ။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now