ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

936 74 0
                                    

Chapter 52

ရှဲ့ကျောက် ထိုစကားကိုကြားသောအခါ သူ့လက်ကိုဆေးရန် ပြေးသွားကာ ရှဲ့ယောင်ကို မဝင်မဆုတ် မီးဖိုချောင်တံခါးဘေးတွင် ရပ်နေလျက်သား  ထားခဲ့လိုက်သည်။

"အားယောင်လည်း သွားလိုက်"

ကျန်းရှုယောင်က ပြောလိုက်သည်။

ရှဲ့ယောင် ချက်ချင်းမထွက်သွားဘဲ ရှုရှီကို အရင်ကြည့်၏။

"သွား"

ရှုရှီက  ခေါင်းညိတ်သည်။

ထို့နောက် ရှဲ့ယောင် ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့သည်။

သူတို့ပြန်လာသောအခါ ကျန်းရှုယောင်က မုန့်စိမ်းကို သပ်သပ်ရပ်ရပ်လုပ်ပြီးသွားသည်။ လိမ့်တံကိုသူမ၏လက်ထဲတွင် ပန်းပွင့်များကဲ့သို့ကိုင်ကာ လှိမ့်နေ၏။ မုန့်စိမ်းကို ဖိ၍လှည့်ကာ ပါးလွှာသော စက်ဝိုင်းအဖြစ်သို့ လှိမ့်ကာ သူမ၏လက်အောက်မှ တစ်ခုပြီးတစ်ခု ပျံထွက်သွားသည်။

ကျန်းရှုယောင် ဖက်ထုပ်ရွက်လုပ်ပြီးနောက် ကျန်သည်က ဖက်ထုပ်တွေကို ထုပ်ရန်ပါပင်။

သူမက အစေခံကို ခွေးခြေလေးခုယူခိုင်းပြီး ဖက်ထုပ်လုပ်ရန် မီးဖိုချောင်တွင် လူများစွာ ထိုင်နေခဲ့သည်။

ကျန်းရှုယောင်  သူမလက်ဖဝါးထဲမှာ ဖက်ထုပ်ရွက်ကို ဖြန့်ပြီး အသားအဆာတစ်ဖဲ့ကို ကောက်ယူကာ အလယ်မှာ ထားလိုက်။။ ထို့နောက် လက်ချောင်းများကို ရေတွင်နှစ်ပြီး ဖက်ထုပ်ရွက်၏အနားစွန်းတွင် စက်ဝိုင်းပုံဆွဲ၍ လက်ချောင်းများကို ညှပ်ပြီးပိတ်လိုက်ကာ ဖက်ထုပ်ဝဝကြီး လုပ်ပြီးသွားသည်။

ရှုရှီက  သူမ၏ လှုပ်ရှားမှုများအတိုင်း တစ်ခုထုပ်လိုက်သည်။ သူမ၏လက်များက သံချေးတက်(တင်းတောင့်)နေပြီး သူမလုပ်ထားသော ဖက်ထုပ်များသည် ရှဲ့ကျောက် လုပ်ထားသည့်ပုံစံနှင့် ဆင်တူသည်။

သူမ အနည်းငယ်ရှက်သွားသော်လည်း ကျန်းရှုယောင်က သူမကို မရယ်မှာ သေချာသည်။ သူမက စိတ်ရှည်ရှည်နှင့်ဖြည်းဖြည်းချင်း သင်ပေး၏။

ရှဲ့ကျောက် သူ့ဘဝတွင် ပထမဆုံးအကြိမ် ဖက်ထုပ်လုပ်ခဲ့သည်။ ဤသည်က ကမ္ဘာသစ်ကို ရှာဖွေတွေ့ရှိလိုက်သလိုပါပင်၊ သူ ဘန်းမုန့်လို ဖက်ထုပ်ကြီးလုပ်ရန်ဆန္ဒရှိနေသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now