ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1.2K 110 0
                                    

Chapter 13

ရှဲ့ရွှင်း မျက်မှောင်ကြုတ်နေသော သူမမျက်နှာကိုကြည့်ရင်း သူ့မျက်လုံးများတွင် အပြုံးတစ်ခုပေါ်လာသည်။ မတ်တပ်ရပ်ပြီး သူမဆီ လျှောက်သွားလိုက်သည်။ သူ ငုံ့ကြည့်လိုက်သောအခါ သူ့မျက်နှာထက်မှာ ဖြစ်ပေါ်လာ,ခဲ,သည့် အပြုံးက ရုတ်တရက် ပျောက်ကွယ်သွား၏။

သူ့မှာ အရည်အချင်းတချို့ရှိပင်ငြား သူ့အရည်အချင်းကြောင့် တခြားလူများကို နှိမ့်ချတတတ်သည့်လူမဟုတ်သော်လည်း ကျန်းရှုယောင်၏လက်ရေးက...

"မင်းက စာရေးနေတာလား ... တစ္ဆေအဆောင်ဆွဲနေတာလား"

ငယ်ငယ်ကတည်းက အခုအချိန်အထိ ယခုလိုရုပ်ဆိုးသည့် အက္ခရာများကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။

"ဟေး..."

ကျန်းရှုယောင်   သူမကူးယူထားသော စာအုပ်ကို ကောက်ကိုင်လိုက်ပြီး သေချာစွာ စကင်န်ဖတ်လိုက်သည်။

"ဘာကြောင့် ဒီလိုပြောတာလဲ"

ဒီအဆင့်က မူလတန်းကျောင်းက အသက်အရွယ်တူ တပည့်တွေထက် အများကြီး ကျော်လွန်နေပါတယ်နော် အိုခေ...

"မင်း..."

ရှဲ့ရွှင်း တစ်ခုခုပြောရန် တုံ့ဆိုင်းနေ၏။ ကျန်းရှုယောင်၏ ပညာမတတ် ဘာအရည်အချင်းမှမရှိသော နာမည်ကောင်းကို သူကြားသိခဲ့ရသော်လည်း သူမက ဤမျှ ပညာမတတ်၊ အရည်အချင်းမရှိကြောင်း တစ်ခါမျှ မတွေးခဲ့မိပါချေ။ သူမ၏ လက်ရေးက သူ့တူလေးနှစ်ယောက်လောက်ပင် ကောင်းမွန်လှသည် မဟုတ်ပေ။

ရှဲ့ရွှင်း မနေနိုင်ဘဲ နှုတ်ကထွက်မိလိုက်သည်။

"ဒီလိုစာလုံးမျိုးနဲ့ဆို ကူးပြီးသွားရင်တောင် ဘာမှထူးခြားမှာမဟုတ်ဘူး"

ကျန်းရှုယောင် အပြင်းအထန်စိတ်ထိခိုက်သွားရ၏။ သူမက စားပွဲကို ခေါင်းနှင့်တိုက်ပြီးပြောလေသည်။

"ဘာလုပ်ရမလဲ...ကျွန်မ ရူးတော့မယ်"

ရှဲ့ရွှင်း အကူအညီမဲ့သလို မနှစ်မြို့မိသော်ငြား ရယ်ချင်ပက်ကျိလည်းဖြစ်နေခဲ့၏။ သူက ကုလားထိုင်မှာ ပြန်ထိုင်ပြီးပြောလိုက်သည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းNơi câu chuyện tồn tại. Hãy khám phá bây giờ