chapter 137

556 56 0
                                    

Chapter 137 [Extra]
နန်းတော်ရှိ နှစ်သစ်ကူးညစာ

ရှဲ့အိမ်တော်ရှိ နှစ်သစ်ကူးအကြိုနေ့သည် ယခင်နှစ်များနှင့်မတူသော်လည်း နန်းတော်ရှိ နှစ်သစ်ကူးအကြိုနေ့ကမူ အတူတူပင်ဖြစ်သည်။

ကိုယ်လုပ်တော်လင်းသည် လေအေးဖြင့် လွှမ်းထားသော နန်းတော်ညစာစားပွဲမှ ပြန်လာခဲ့သည်။ နန်းဆောင် တံခါးဝသို့ လှမ်းဝင်လိုက်သည်နှင့်ပင် ထိန်းမနိုင်သိမ်းမရ မောပန်းနွမ်းနယ်မှုက သူမတစ်ကိုယ်လုံးကို လွှမ်းမိုးသွားသည်။

သူမက အားနည်းစွာ လက်ဝှေ့ယမ်းပြပြီးပြောလိုက်သည်။

"ငါ့ဆံထုံးကို အရင်ဖြည်ပေးပါဦး" လေးလံသောရွှေငွေ လက်ဝတ်ရတနာသည် ဂုဏ်အသရေနှင့်အတူ ဝန်ထုပ်ဝန်ပိုးတစ်ခုလည်းဖြစ်သည်။

အစေခံမလေးများက သူမကို​ခစားရန် ​ရှေ့တိုးလာ​သည့်အခါ ​ဘေးနားက နို့ထိန်းကမေးလေသည်။

"တော်ဝင်ကိုယ်လုပ်တော်... ထမင်းစားခန်းက မှိုဟင်းရည်​နွှေးနေပါတယ်...တစ်ပန်းကန်​လောက် လိုချင်​ပါသလား"

ကိုယ်လုပ်တော်လင်းက ခန်းမထဲတွင် ထိုင်ကာ တစ်ညလုံး လေအေးအတိုက်ခံခဲ့ရ၏။ ဗိုက်က တင်းနေပြီဖြသည်။ နို့ထိန်းက မေးသောအခါတွင် သူမအနည်းငယ် ဗိုက်ဆာသလို ခံစားရသည်။ သူမက ခေါင်းညိတ်ပြီးပြောလိုက်၏။

"ငါ့ဗိုက်ကိုဖြည့်နိုင်မဲ့ တခြားတစ်ခုခု ယူလာပေးပါလား"

နို့ထိန်းက နောက်ပြန်ဆုတ်သွားပြီးနောက် ကိုယ်လုပ်တော်လင်းက စောင့်ဆိုင်းကာ ပုံမှန်အဝတ်အစားများ ပြောင်းလဲပြီး သူမ ပို၍ သက်တောင့်သက်သာ ခံစားခဲ့ရသည်။

အပြင်မှာ လွင့်နေသည့် နှင်းပွင့်တွေကို ကြည့်ပြီး ခေါင်းခါကာဆိုလိုက်သည်။

  "နှင်းတွေကျပြန်ပြီ... အခုနှစ် နှစ်သစ် ညစာကိုလည်း နန်းဆောင် အသီးသီးကို လိုက်ပို့ပေးတယ် ထင်တာပဲ... ဒီလိုအေးတဲ့နေ့မျိုးမှာ ဘယ်လိုအစားအစာတွေ စားလို့ရမှာလဲ...ဘာပဲဖြစ်ဖြစ် အကုန် အေးစက်နေတာပဲကို"

အစေခံများက ခေါင်းငုံ့ပြီး စကားမပြောရဲကြပေ။

ကိုယ်လုပ်တော်လင်းက သူမ၏လက်ကောက်ကို ချွတ်ကာ သက်ပြင်းချပြီးဆို၏။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now