Chapter 124
Sue Xing NwayJune 13, 2023
Chapter 124ထမင်းပေါ်က တယ်ရီရာကီ ကြက်ပေါင်
နန်းတော်ထဲဝင်ပြီးနောက် ကိုယ်လုပ်တော်လင်းသည် မည်သည့်အခါမျှ စီးပွားရေးကိစ္စများကို ဂရုမစိုက်တော့ဟု ဆိုကြသည်။သူတို့ မည်သို့ကြုံတွေ့နေရသည်ဖြစ်စေ လင်းမိသားစု၏ လုပ်ငန်းကိစ္စများတွင်ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း သူမက ပြောခဲ့သည်။
ကိုယ်လုပ်တော်လင်း ကျန်းရှုယောင်၏ မျက်လုံးများကို အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။
သူမကပြောလိုက်၏။
"မင်းမှာ အရည်အချင်းရှိတယ်လို့ ငါထင်တယ်...ငါက ငါ့ရဲ့ အားသာချက်တချို့ကို ပြဖို့ ခက်တယ်... မင်းက ဒီလုပ်ငန်းမှာ ကောင်းကောင်းလုပ်နိုင်တယ်... ဒါကြောင့် မင်းကို ပေါ့ပေါ့ပါးပါး ကူညီချင်တယ်...နောက်ပြီး ငါ့လူတွေကို ပတ်စုံစမ်းခိုင်းခဲ့တယ်...မင်းက ဒီလိုင်းမှာ တကယ်ကို အရည်အချင်းရှိသူပါ...ဒါပေါ့ ငွေရှာတာမဟုတ်ဘဲ စားရေးကိစ္စကိုပြောတာ"
သူမက ကျန်းရှုယောင်၏လက်ထဲသို့ စာအုပ်ငယ်ကိုထည့်ကာဆက်သည်။
"ငါက အဒေါ်တစ်ယောက်ပါ... မင်းအတွက် ဘာမဆိုလုပ်ပေးရမှာပေါ့"
ကျန်းရှုယောင်က စာအုပ်ငယ်ကို ယူပြီးပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဒေါ်လေး"
ကိုယ်လုပ်တော်လင်းက သူမနဖူးကို ပုတ်ပြီးဆို၏။
"မင်း အခု ငါ့ကို နျန်နျန်းလို့ မခေါ်တော့ဘူးလား"
ကျန်းရှုယောင်က ရယ်ပြီး တစ်ခုခုပြောရန် လုပ်ပေမဲ့ ကိုယ်လုပ်တော်လင်းက သူမကို ထမင်းစားခန်းဆီ တွန်းပို့လိုက်ပြီးပြောသည်။
"သူတို့ကို တစ်ခုခုပြပြီး ကြည့်ခွင့်ပေးလိုက်ပါ...ဧကရာဇ်က မင်းကိုတန်ဖိုးထားရင် မြို့တော် မပြောနဲ့...အခု ဘယ်သွားသွား နေရာတိုင်းမှာ ရွှေဆိုင်းဘုတ်တွေ ရှိမယ်... တနိုင်ငံလုံး လျှောက်သွားလို့ရတယ်"
အချိန်အတော်ကြာပြီးနောက် ကျန်းရှုယောင် ထိုအကြောင်းကို တွေးနေမိသည်။ လမ်းလျှောက်ရင်း ကိုယ်လုပ်တော်လင်းပေးသော စာအုပ်ငယ်ကို ဖွင့်ကြည့်လိုက်သည်။ လက်ရေးက တသမတ်တည်းဖြစ်မနေ၊ အချို့က သပ်သပ်ရပ်ရပ်နှင့် တစ်ချို့ကရှုပ်ထွေးနေသည်၊ အချို့စာပိုဒ်များသည် မျဉ်းကြောင်းများကြားတွင် ရုတ်တရက် ညှပ်သွားပြီး နောက်ပိုင်းတွင် ထပ်ထည့်လိုက်ပုံရသည်။

STAI LEGGENDO
ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း
SaggisticaNew Normal တစ်ပတ် သုံးပိုင်း update ပါမယ်ရှင် .. Normal novel page မွာ ဒီနေ့ပဲစဖတ်လို့ရပါပြီ Title - Ancient Foodeie Survival Guide Description ကျန်းရှုယောင်တစ်ယောက် ဝိညာဉ်ကူးပြောင်းကာ ဟိတ်ဟန်များသည့် ပုံစံနှင့် ကြိုးတိုးကြောင်တောင် ဝတ်စားဆင်ယင...