Chapter 75
အရိုးစွပ်ပြုတ်မာလာထန့်
ကျန်းရှုယောင် အခြေခံပါဝင်ပစ္စည်းများကို အနည်းငယ် မွှေကြော်ပြီးနောက် ကျိုးရှီ သူမ၏ တူများနှင့်တို့ကာ မြည်းစမ်းကြည့်သည်။
အတိအကျပြောရလျှင် ဤသည်မှာ သူမ "အစပ်" ကို ပထမဆုံးအကြိမ် မြည်းစမ်းခြင်းဖြစ်သည်။
သူမ၏ လျှာဖျားတွင် ပြင်းထန်သော အစပ်ဓာတ်က မီးကဲ့သို့ လောင်ကျွမ်းသွားသည်။ သူမ လန့်သွားပြီး တရှူးရှူး တရှဲရှဲလုပ်မိ၏။
"ဒီအစပ်က ဘယ်လိုဟင်းခတ်အမွှေးအကြိုင်မျိုးလဲ"
ကျန်းရှုယောင်က ငရုတ်သီးခြောက်ကို ပြပြီး "ဒီမှာ...ဒါကို ငရုတ်သီးလို့ ခေါ်တယ်... တစ်ခုလုံး ဖြစ်ဖြစ်၊ လှီးပြီး ဖြစ်ဖြစ်၊ ထောင်းပြီး ဖြစ်ဖြစ်သုံးလို့ရတယ်... ပမာဏ နည်းနည်းပဲ ရှိတယ်... အမေက နိုင်ငံခြားမှာ ရှာခိုင်းခဲ့တာ...ကျွန်မ ကျွမ်းဇီမှာ စိုက်ထယးတယ်... ဆောင်းဦးနှောင်းပိုင်းမှာ ရိတ်သိမ်းနိုင်မယ်လို့ ခန့်မှန်းရတယ်"
ကျိုးရှီက ခေါင်းညိတ်ပြီး သက်ပြင်းချရင်းဆိုသည်။
"အရသာကို ကြိုက်တယ်... ဝိုင်သောက်ရသလို လန်းဆန်းသွားတယ်"
သူမက အရသာအတွက် အခြေခံပါဝင်ပစ္စည်းအချို့ကို ရွေးချယ်ခဲ့သည်၊ ၎င်းသည် ငန်စပ်စပ်ဖြစ်ပြီး အရသာမှာ အလွန်လေးပင်ပြီး စွဲလမ်းစေသည်။
ကျိုးရှီက အခြေခံပါဝင်ပစ္စည်းများကို မွှေကြော်ပြီး သူမကျက်ခဲ့သော အချိုးအစားနှင့် အပူပေးသည့်အဆင့်များအတိုင်း အဆင့်ဆင့် ကြော်သည်။
ပျမ်းမျှအချက်အပြုတ်လူသစ်များနှင့် နှိုင်းယှဉ်ပါက ကျိုးရှီသည် အလွန်အရည်အချင်းရှိသည်။ သူမက ရှုပ်ထွေးမနေသလို လမ်းလည်းမပျောက်ပေ။ သူမချက်ပြုတ်ပြီးသောအခါ ကျန်းရှုယောင် သူမ၏တိုးတက်မှုအတွက် အနည်းငယ်အံ့သြသွားခဲ့သည်။
ကျိုးရှီက အစပ်အရသာကို အနံ့ခံကာစိုးရိမ်တကြီးပြောသည်။
"ဘယ်လိုအရသာလဲမသိဘူး"
"မြည်းကြည့်... သိလိမ့်မယ်"
ကျန်းရှုယောင် တူကိုယူကာ အနည်းငယ်မြည်းစမ်းလိုက်သည်။ ကျိုးရှီက သူမကို ထိတ်လန့်စွာ ကြည့်နေသည်။

ŞİMDİ OKUDUĞUN
ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း
Kurgu OlmayanNew Normal တစ်ပတ် သုံးပိုင်း update ပါမယ်ရှင် .. Normal novel page မွာ ဒီနေ့ပဲစဖတ်လို့ရပါပြီ Title - Ancient Foodeie Survival Guide Description ကျန်းရှုယောင်တစ်ယောက် ဝိညာဉ်ကူးပြောင်းကာ ဟိတ်ဟန်များသည့် ပုံစံနှင့် ကြိုးတိုးကြောင်တောင် ဝတ်စားဆင်ယင...